Friday, October 23, 2020

ကိုယ့်မီးကိုယ်မွှေးကြပြီးတော့ ကြားထဲကအဆဲခံရတာကNLD

 🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

#သူရှင်းလင်းရေးပြထားတာလည်း

#စိတ်ဝင်စားစရာ


(မင်းတို့ငြင်းလို့မရဘူး)👈👈

👇🏾👇🏾👇🏾👇🏾👇🏾👇🏾👇🏾👇🏾

👉ရခိုင်တွေကAAကိုထောက်ခံတယ်..

👉မဘသတွေအမျိုးချစ်တွေက တပ်ကိုထောက်ခံတယ်..

👉တပ်ကိုထောက်ခံတဲ့ မဘသတွေအမျိုးချစ်တွေက ရခိုင်ကိုမကြာခဏသွားရောက်ပြီး ရခိုင်တွေနဲ့ လည်ပင်းဖက်ပေါင်းတယ် မြှောက်ပေးတယ်..


👉ရခိုင်တွေကလည်း မဘသကိုထောက်ခံတယ်..

ရခိုင်တွေနဲ့ မဘသအမျိုးချစ်တို့ လည်ပင်းဖက်ပေါင်းနေချိန်မှာပဲ......

👉ရခိုင်တွေထောက်ခံတဲ့AAက

မဘသတွေထောက်ခံတဲ့တပ်ကိုဝင်တိုက်တယ်..


👉ကိုယ့်မီးကိုယ်မွှေးကြပြီးတော့ ကြားထဲကအဆဲခံရတာကNLD. 👺👺


👉ရခိုင်တွေကဦးအေးမောင်ကိုထောက်ခံတယ်..

👉ဦးအေးမောင်ကိုကြံ့ဖွတ်ကလူရာသွင်းပြီးမြှောက်ပင့်ပေးတယ်..

👉နာမည်ကြီးလာတဲ့အေးမောင်က ရခိုင်ပြည်နယ်ခွဲထွက်ရေးကိုကြိုးပမ်းလာတယ်..


👉ကိုယ့်မီးကိုယ်မွှေးကြပြီးတော့.....ကြားထဲကအဆဲခံရတာကဒေါ်အောင်ဆန်းစုကြည်..👺👺👺


👉စစ်အာဏာရှင်ကရခိုင်ပြည်နယ်ကို.....

👉နိုင်ငံရေးအသုံးချလို့ရတဲ့ပြည်နယ်ဖြစ်အောင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးပြည်နယ်အဖြစ်ပစ်ထားခဲ့တယ်..

👉လူရာသွင်းမခံရဘဲ ဖွံဖြိုးမှုအနိမ့်ဆုံးပြည်နယ်အဖြစ်နေခဲ့ရတဲ့

 ရခိုင်တွေက စစ်အာဏာရှင်ရဲ့  မျိုးဆက်ခေါင်းဆောင်တွေကိုတော့ လေးစားအားကိုးပြန်တယ်..

👉လူရာမသွင်းခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ မျိုးဆက်တွေကို ဆီပုလင်းခါးချိတ်ပြီး ချစ်ခဲ့ကြတယ်..


👉ပလူးပလဲနဲ့ချစ်နေကြပြီးတော့ ပထွေးနဲ့သားတွေကြားမှာပြသနာတက်လာရင်တော့....ကြားထဲကအဆဲခံရတာကဗမာတွေ..


👉အေးမောင်နဲ့ဝေဟင်အောင်ကသူပုန်AAထောက်ခံတယ်..

👉မအလနဲ့မိသားစုကရခိုင်ကိုရောက်တိုင်း AAအမာခံအေးမောင်နဲ့ဝေဟင်အောင်ကို တွေ့ဆုံအားပေးတယ်.....

👉မအလကအေးမောင်ကို နေပြည်တော်မှာအထိ တလေးတစ်စားလက်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ်လုံခြုံရေး အစီအမံတွေတိုင်ပင်ဆွေးနွေးတယ်..

👉မအလနဲ့မိသားစုက တစ်လေးတစ်စားroleတင်ပေးနေတဲ့

အေးမောင်နဲ့ဝေဟင်အောင်က

ရခိုင်ပြည်သူတွေကို AAကိုထောက်ခံကြဖို့စည်းရုံးတယ်..


👉မအလတို့ တစ်လေးတစ်စားrollတင်ပေးခဲ့တဲ့ အေးမောင်ရဲ့စည်းရုံးမှုကြောင့်AAကအင်အားကြီးမားလာတယ်....

       လူလက်နတ်အင်အားကြီးလာတဲ့AAက စစ်ကြောင်းတွေ ရဲကင်းတွေကို တစ်ဂျိမ်းဂျိမ်းဝင်တိုက်လာတယ်....

ရဲဘော်တွေအများအပြားကျဆုံးရတယ်..


👉သူတို့ဘာသာသူတို့ အေးမောင်တို့ဝေဟင်အောင်တို့ကို မြှောက်စား rollတင်ပေးခဲ့ကြပြီးတော့....ရဲဘော်တွေကျဆုံးရတဲ့အခါမှာ ကြားထဲကသောက်ပြစ်အတင်ခံရတာက အစိုးရ..👺👺👺


တစ်ကယ်တော့....

👉ရခိုင်တွေရယ်..

👉ရခိုင်တွေချစ်ကြတဲ့AAရယ်..

👉ရခိုင်တွေစီကို ဂဒီးဂဒီးသွားပြီး မြှောက်ပေးခဲ့ကြတဲ့ မဘသအမျိုးသားရေးအဖွဲ့တွေ့ရယ်..

👉ရခိုင်တွေထောက်ခံတဲ့အေးမောင်ရယ်..

👉အေးမောင်ကိုမြှောက်စားပေးခဲ့တဲ့ကြံ့ဖွတ်ရယ်..

👉အေးမောင်ကထောက်ခံတဲ့AAရယ်..

👉အေးမောင်ကို တစ်လေးတစ်စား rollတင်ပေးခဲ့တဲ့ ကာပုတို့ရယ်ကြောင့်ပဲ.....


👉သူ့ဟာသူ တိုင်တွေပတ်ပြီး

discလည်နေတာ..😂😂


ကြားထဲမှာမဆီမဆိုင်အသက်ပေးနေရတာက.....

👉ရဲဘော်တွေ..

မဆီမဆိုင်အဆဲခံနေရတာက.....

👉ဗမာတွေ..

မဆီမဆိုင်အပြစ်ပြောခံနေရတာက .....


👉သူတို့ကြားထဲမှာ ကျန်တဲ့ငထွားသန်းငါးဆယ်က မဆီမဆိုင်ခါးနာရတာ..👺👺👺


👉ဗမာတွေကြောင့်..

👉ဒေါ်အောင်ဆန်းစုကြည်ကြောင့်..

👉NLDကြောင့်ဆိုတဲ့အကြောင်းတရား တစ်ခုမှမပါဘူး..


Shin Thant Maung 


T. T. 🇺🇸


Thursday, October 22, 2020

မင်းအောင်လှိုင်ကသမ္မတ ဦးသန်းဌေးက လွှတ်တော်ဥက္ကဌ ဦးသိန်းစိန်က အတိုင်ပင်ခံ

 စစ်အာဏာရှင်တေ တစ်ကယ်ကြောက်နေတာက...

NLD ပါတီအစိုးရဖြစ်ပြီး NLD ကလူသမ္မတဖြစ်နေသရွှေ့ တပ်ချုပ်အပြောင်းအလဲမလုပ်ဘူး


အကြောင်းမှာ တပ်ချုပ်အပြောင်းအလဲဖြစ်၍ နောက်တပ်ချုပ်အသစ်တင်သော်  သမ္မတကလက်မှတ်ထိုးအတည်ပြုပေးမှ တရားဝင်ဖြစ်မယ် စစ်တပ်ဟာ ဒီအဖြစ်ကိုအရောက်မခံနိုင်ဘူး  သူတို့စိတ်နဲ့နှိုင်းပြီးတော့ပေါ့  


တပ်ချုပ်အသစ်တင်တယ် NLD သမ္မတကလက်မခံဘူး မကြိုက်ဘူး နောက်ထပ်တင်တယ် လက်မှတ်ထိုးမပေးဘူးဆိုရင် အတော်ဂွက်ကျမှာပါ


NLD သမ္မတက လက်ခံသဘောကျ အတည်ပြုလက်မှတ်ထိုးသူဖြစ်ပြန်တော့  အခြေခံဥပဒေကို ဒီကာချုပ်ပါဝါနဲ့ထောက်ထားတာ  ကာချုပ်က NLD သမ္မတလူဖြစ်ဖို့မလိုလားနိုင်ပါဘူး  ဖြစ်လာခဲ့ရင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာလဲလုံးဝချောမွေ့သွားပါလိပ်  ဒီအဖြစ်ကိုအဖြစ်ခံနိုင်မလားဗျာ  


အခြေခံဥပဒေက တိုင်းပြည်အတွက်အကြပ်အတည်းဖြစ်သလို အချို့အချက်တွေမှာ စစ်တပ်အတွက်အကြပ်တည်းလဲဖြစ်ပါတယ် သူလဲဒီဘေးကမလွတ်ပါဘူး 


ဆိုတော့ အခု ကာချုပ်မင်းအောင်လှိုင်က သမ္မတလုပ်မယ်  သူသမ္မတဖြစ်မှ နောက်ကာချုပ်အသစ်စိတ်ကြိုက်လက်မှတ်ထိုးခန့်မယ် ဒီသဘောကို သူတို့လိုချင်နေတယ်


အတိအကျမဟုတ်ပေမဲ့ ကျနော်တို့ရမ်းသမ်းခန့်မှန်းတာကတော့ လာမဲရွေးကောက်ပွဲမှာ သူတို့ကြံ့ဖွတ်အစိုးရဖွဲ့နိုင်လောက်အောင်အနိုင်ရခဲ့သော်  မင်းအောင်လှိုင်ကသမ္မတ ဦးသန်းဌေးက လွှတ်တော်ဥက္ကဌ ဦးသိန်းစိန်က အတိုင်ပင်ခံ 


ဒီလို လိုလားတဲ့သဘောမှာရှိတယ်


ဆိုတော့ ကာချုပ်ရဲ့အသက်ကလဲထောက်လာပြီ အခုကိုပင်စင်ထက်ကျော်လုပ်နေရတာ  ကာချုပ်အသစ်ကခန့်ဖို့ရှိနေချိန်မှာ  NLD မဲနိုင်ပြီး NLD သမ္မတဖြစ်တုန်း ကာချုပ်အပြောင်းအလဲမလုပ်လိုတော့  လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နိုင်လို့မဖြစ်ဘူးဆိုတဲ့သဘောကတော့ သူတို့ထုတ်မပြောလဲ ခန့်မှန်းမိကြမှာပါ


သမ္မတရဲ့ပါဝါက ကာချုပ်ကိုခန့်နိုင်သလို  တရားသူကြီးချုပ် ရှေ့နေချုပ်တို့ကိုလဲ အတည်ပြုခြင်း ငြင်းပယ်ခြင်းလုပ်လို့ရတယ်


တရားသူကြီးချုပ်နဲ့ရှေ့နေချုပ်သက်တမ်းဟာ အသက်၇၅ နှစ်အထိလို့ရှိတော့ စစ်အစိုးရလက်ထပ်ကထဲကခန့်ခဲ့တဲ့ တရားသူကြီးချုပ်နဲ့ရှေ့နေချုပ်အသက်ကလဲနောက်အစိုးရသက်တမ်းတွေလောက်မှာ ကုန်ဆုံးပြီး အသစ်ခန့်ရတော့မှာမို့ ဒါကလဲ ထိုဘက်အစုအဖွဲ့အတွက်တွေးစရာပဲ


တပ်ချုပ်တင်မက တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကိုပါ NLD သမ္မတကစိတ်ကြိုက်လက်မှတ်ထိုးခန့်ရင် တွေးကြည့်လေ


ဆိုတော့ သမ္မတနေရာ သမ္မတလက်မှတ်ဟာ နိုင်ငံရေးနေရာအတွက်အရမ်းအရေးပါနေတာကို အများပြည်သူသတိထားကြည့်ကြပါ


သမ္မတကို လွှတ်တော်ကမဲပေးရွေးတယ်  သမ္မတက အစိုးရအဖွဲ့ ဝန်ကြီး ဝန်ကြီးချုပ်များကို စိတ်ကြိုက်ခန့်အပ်ပြီးအစိုးရဖွဲ့တာအပြင်  အထက်ကတင်ပြသလို ပါဝါရာထူးတွေဟာလဲ သမ္မတအတည်ပြုမှဖြစ်တာမို့  နောက်တက်မဲ့ကာချုပ်အသစ်အပြောင်းအလဲဟာ ဒီသမ္မတဘယ်အုပ်စုဘက်ကဖြစ်မလဲဆိုတဲ့အပေါ်မူတည်နေပါတယ်


နောက်ဆုံးအချုပ်တော့ပြည်သူသာအဓိကပါ ပြည်သူ့မဲကိုအခြေခံပြီး လွှတ်တော်ထဲရောက်တယ်  အဲ့ဒီလွှတ်တော်အမတ်တွေကမှ သမ္မတရွေးတာဆိုတော့ ပြည်သူတွေဘယ်သူ ဘယ်ဘက်ကိုမဲပေးမလဲဆိုတာက ဒီအချိန်မှာအသက်တမျှကိုအရေးပါနေပြီဖြစ်ကြောင်း ပြည်သူအချင်းချင်း ဆွေးနွေးမျှဝေရကြောင်းပါ။


လာမဲ့ရွေးကောက်ပွဲ ၂ ကြိမ် အစိုးရသက်တမ်း ၂ ခုလောက် ပြည်သူက NLD ကိုသာမဲဝိုင်းပေးလိုက်ရင်  အထက်ကတင်ပြသလို သမ္မတပါဝါ သမ္မတလက်မှတ်တစ်ချက်နဲ့တင် စစ်အာဏာရှင်မျိုးဆက်ပြတ်တယ် 


ဒါကိုပြည်သူလူထုသိစေချင်လိုက်တာဗျ


Credit ... မူရင်း

Wednesday, October 21, 2020

ကွန်ဒုံးမပါဘဲ ဖာသွားချကြည့်

 ရည်းစား ရှိမှ 

ရင်ခုန် လို့ရတာမဟုတ်ပါဘူး


ကွန်ဒုံးမပါဘဲ ဖာသွားချကြည့်



Ro ပါတယ်ဆိုတဲ့ အတွဲတွေရဲ့

ရင်ခုန်သံထက် ၃ ဆ လောက် ပိုစေရမယ်


သွေးစစ်လို့ positive မဟုတ်ဘူးဆိုရင်

Crush ဆီက အဖြေရတဲ့ကောင်ထက်


၁၀ ဆ လောက် ပိုပျော်ရလိမ့်မယ်


မုန့်ဝယ်ကျွေး စရာမလိုဘူး

ရုပ်ရှင်လိုက်ပြစရာမလိုဘူး

ချော့စရာမလိုဘူး

ရှင်းပြစရာမလိုဘူး

တန်ရာတန်ကြေး ပေးလိုက်ယုံပဲ


လွတ်လပ်တယ်လို့ မခံစားရဘူးလား ?


အမေက အမွေပေးတဲ့ ပစ္စည်းကြောင့်သာ

ယောကျာ်းလို့ ခေါ်နေရတဲ့ ကောင်တွေ 


Sex ကိစ္စ နှင့်

ယောကျာ်းတွေကြားမာ မိန်းမတွေနဲ့ ပတ်သက်ရင်

ငါဟာ ဆရာကြီးပါ ဆိုတဲ့ အချက်နဲ့တော့

မိန်းကလေးတစ်ယောက်ကို ချစ်တယ် သွားမပြောပါနဲ့ကွာ

(ရည်စားမထားပါနဲ့ကွာ)


ဖာ ပဲ သွား ချပါ 

(ကောင်မလေး birthday party 

လုပ်ပေးတာလောက် မကုန်ပါဘူး)

ဒါဆို ဖြူစင်တဲ့ မိန်းကလေးတွေကို 

အပျော်ကြံတဲ့ကောင်တွေထက်

မင်း ယောက်ျားပို ပီသမယ်


သူငယ်ချင်းတစ်ယောက်ရှိတယ်


မင်း စော် (ရည်းစား) နဲ့ပျက်သွားပီဆို 

ဘယ်လောက်ထိ ရလိုက်တုန်းတဲ့ 


ငွေတွေ i phone တွေ မေးတာ မဟုတိဘူး

သူမေးတာ Sex ကိစ္စ


" ငါ လက်လေးတောင် တစ်ခါပဲ ကိုင်ဖူးတာပါကွာ "လို့ ပဲ

ပြောလိုက်တယ် 

(တကယ်လဲ တစ်ခါပဲ ကိုင်ဖူးတယ် )

 " ညံ့ချက် " တဲ့ မျော်လင့်ချက် မဲ့သံနဲ့ ပြန်ပြောသွားဖူးတယ်


 " မိုက်ရှိုင်းလိုက်တာ

ငါ့ရည်းစားသာ မင်းနှမ ဖြစ်ရင် 

ဒီလိုပဲ မင်းမေးမလား " လို့ 

မေးလိုက်ချင်တာ မေးမကောင်းလို့သာ

မျိုသိပ်လိုက်ရတာ


" မင်းလဲ ကောင်မလေးနဲ့ ပျက်သွားပီမို့လား 

ဘယ်လောက်ထိ ရလိုက်တုန်း "လို့ သူ့စကားနဲ့

လက်စားချေ ပြန်မေးကြည့်တော့ 

သူ့မာ ကိုယ်ကျင့်တရား မရှိဘူးထင်လို့

 မေးတာပါလားလို့ မထင်ပဲ

ဆရာကြီး အထာနဲ့ ဂုဏ်ယူစွာ

HD quality နဲ့ vd file တစ်ခု ပို့လာတယ်

တခြားစော်တွေနဲ့လဲ ရှိသေးတယ် 

ကြည့်ချင်ရင် Beer တိုက်ဆိုပဲ


အားလားလား တစ်ဖက်မိန်းကလေး 

ကျွန်တော် အထင်သေးမိသွားတာလောက်ပါပဲ

များများ စားစား ဘာမှ မပါပါဘူး

တွေးကြည့်ပေါ့ 


မိန်းကလေးတွေကလဲ 

ချစ်တယ်ပြော တဲ့ ယောကျာ်း 

ရုပ်ချောလား ပိုက်ဆံ ရှိသလား

Suprise mother fucker တွေဖြစ်အောင်

လုပ်တတ်လားလောက် ကြည့်ပီး

အဖြေ ပြန်မပေးနဲ့


ဖာတောင် ပိုက်ဆံ ရမှ ကွန်ဒုံးသုံးမှ ခေါ်လို့ရတာ

ချစ်တယ် ရော့ လက်ဆောင် လောက်နဲ့ 

ယောကျာ်းတစ်ယောက် တောင်းဆိုသမျှ မလိုက်ရောမိစေနဲ့


ဖာလောက်တောင် သောက်ဆင့် မရှိဖြစ်မယ်


မိန်းကလေးရေ

မင်းရည်းစားကောင်လေးကို

သူ့သူငယ်ချင်းတွေက ဘယ်လောက်ရပီလဲ မေးတဲ့အခါ

" ညံ့ချက်ကွာ " " မင်း အခြောက်လား "

" မြုံနေတာလား " လို့ လှောင်ပြောင်ခံရပါစေ


ဒါဆို မင်း ရည်းစားက 

ယောက်ျား စစ်စစ် ဖြစ်နေတယ် ဆိုတာ သေချာတယ်


 မင်း သူ့ကို ယုံကြည်လို့ရသွားပီ

သံသယလေးတော့ ထားထားပေါ့


ငါအပါအဝင် ဘယ်ကျားမှ 

အသား မရှောင်ဘူး 

ဥပုသ် စောင့်တဲ့သူ နဲ့ မစောင့်တဲ့သူပဲ ကွာမယ်


သတိတော့ ထား....

#credit

Tuesday, October 20, 2020

တပ်ချုပ်၏ မူဝါဒ ၆ ချက် မြဝတီသတင်းစာတွင် ဖော်ပြမှု UEC ကိုယ်တိုင် ကန့်ကွက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ရွေး ချယ်ရေးနှင့် ပတ်သက်၍ ၎င်း၏ မူဝါဒ ၆ ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာတွင် နေ့စဉ် ထည့်သွင်း ဖော်ပြလျက် ရှိသည့် ကိစ္စရပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကိုယ်တိုင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။


UEC က တပ်ချုပ်၏ မူဝါဒ ၆ ချက်ကို မြဝတီ သတင်းစာတွင် ဖော်ပြနေခြင်းသည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ကန့်ကွက်လာသဖြင့် ဖြေ ရှင်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ အတွင်းရေးမှူး ဦးကျော်စွာမင်းက ဧရာဝတီသို့ ပြောသည်။


ဦးကျော်စွာမင်းကမြဝတီသတင်းစာမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Quote (ပြောစကား) အနေနဲ့ ဖော်ပြတာ။ အဲဒါကို ဒါတွေ သည် ရွေးကောက်ပွဲ ဥပဒေအရ ကိုးကားတာပေါ့နော်။ ဒီအပိုဒ်၊ ဒီအပိုဒ်တွေနဲ့ ငြိစွန်းတယ်ဆိုပြီး တိုင်လာတယ်။ အဲဒါကို ကျနော်တို့က တဘက်(တပ်မတော်)ကို တင်ပြတော့ မထည့်တော့ပါဘူးဆိုပြီး အကြောင်း ပြန်ပေးပါတယ်ဟု ပြောသည်။


ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒ ၆ ချက်မှာ နိုင်ငံနှင့် ဒေသကို လက် တွေ့ အကျိုးပြုသူ၊ တရားဥပဒေ စိုးမိုးရေး အမြင်ရှိပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်း စောင့်ရှောက်သူ ဖြစ်ရမည် ဆိုသည့် အချက်တို့ ဖြစ်သည်။


ထို့ပြင် တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာ သနာကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့ အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံ ရသူတို့ကို ရွေးချယ်ရမည်ဟုလည်း ဖော်ပြထားသည်။


တပ်ချုပ်က သြဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်တွင် နိုင်ငံရေးပါတီ ၃၄ ခု၏ ခေါင်းဆောင်များနှင့် တွေ့ ဆုံစဉ် အထက်ပါ အချက် ၆ ချက်နှင့် ပြည်စုံသူ ကိုယ်စားလှယ်လောင်းကိုသာ မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။


တပ်ချုပ်၏ ယင်းအချက် ၆ ချက်ကို သြဂုတ်လ ၁၅ ရက်နေ့ထုတ် တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် နေ့စဉ်ဖော်ပြလျက်ရှိရာ သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ UEC က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။


ကော်မရှင်(UEC)က အခုလို ထောက်ပြတော့ တပ်မတော်ဘက်ကလည်း နောက်ရက်တွေကစပြီး မထည့်ပေးတော့ဘူးဟု ကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။


တပ်ချုပ်၏ ပြောကြားချက်ကို မြဝတီသတင်းစာတွင် နေ့စဉ် ဖော်ပြနေခြင်းသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်ရွေးရာ၌ လိုက်နာရမည့် အချက်များကို တပ်ချုပ်က လက်နက်ကိုင် တပ်ဖွဲ့ ဝင်အားလုံးကို ညွှန်ကြားသည့် သဘော သက်ရောက် သည့်အပြင် မဲဆန္ဒရှင်များကိုလည်း မဲဆွယ်စည်းရုံးသည့် သဘော သက်ရောက်နိုင်သည်ဟု ကော်မရှင်က သုံးသပ် ထားသည်။


ထို့ပြင် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ နှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ၃၆၄ တို့ကို ကိုးကား၍ လူမျိုးရေး၊ ဘာ သာရေး အကြောင်းပြ မဲဆွယ်မှုများ မလုပ်ရန်နှင့် ယင်းအကြောင်းပြချက်များဖြင့် တဖက်နှင့်တဖက် မုန်းတီး၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းများ မဖြစ်စေရန် ကန့်သတ်ထားကြောင်း UEC က သတင်းမီဒီယာ ကောင်စီသို့ ပို့သည့် စာတွင် ရေးသားထားသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်း၏ အဖွဲ့ အစည်းတွင် အကြီးအကဲ တယောက်ဖြစ်၍ လက်အောက်မှ တပ်မတော်သားများ မိသားစုဝင်များကို တိုင်းပြည်နှင့်လူမျိုး အကျိုးကြည့်၍ မှန်မှန်ကန်ကန် မဲပေးရန် ပြောဆိုခြင်းဟု နားလည်ပြီး ပါတီတခုခုကို မဲပေးရန် ပြောဆိုခြင်း မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။


အဲဒါကြီးကို UEC အနေနဲ့ သိပ်ခံစားနေစရာ အကြောင်း မရှိဘူး။ အဲဒါ သူ့အလုပ် မဟုတ်ဘူး။ သူ့အလုပ်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ကျင်းပပေးဖို့ပဲ။ ဟိုလူ လုပ်တယ်။ ဒီလူ လုပ်တယ်လို့ လိုက်ပြောနေဖို့ မဟုတ်ဘူး။ NLD ကို ပေးပါ။ ကြံ့ခိုင်ရေးကို ပေးပါလို့ ပြောရင်တော့ ကန့်ကွက်ပေါ့ဟု ၎င်းက ပြောသည်။


အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၏ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က တပ်ချုပ်၏ ပြောဆိုမှုများသည့် တပ်မတော်နှင့်ဆိုင်သော မူဝါဒဆိုင်ရာ စည်းရုံးရေးတခုဟု မြင်ပြီး ယခုနောက်ပိုင်းတွင် တပ်ချုပ်၏ မိန့်ခွန်းများတွင် ယခုလို ကိစ္စရပ်များ ပါဝင်လာသည်ကို သတိထားမိကြောင်း ပြောသည်။


ဒီဟာက UEC က ထောက်ပြရင် ထောက်စရာ ဖြစ်လာတယ်လို့ ကျနော်က မြင်ပါတယ်။ UEC ရဲ့ သဘောထားနဲ့က အတော်အသင့် ကွဲလွဲနေတယ်။ အဲဒီတော့ ထောက်သင့်ရင် ထောက်စရာလို့ပဲ မြင်ပါတယ်။ အခုကိစ္စကို UEC က ကန့်ကွက်ပေမယ့် အဆင်ပြေသွားတယ်ဆိုရင်တော့ ဝမ်းသာပါတယ်ဟု ၎င်းက ပြောသည်။


ယခု ကိစ္စရပ်နှင့် ပတ်သက်၍ သီးခြား ပြောဆိုရန် မရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။


သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ အပါအဝင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသား စုဝင်များ မည်ကဲ့သို့ မဲပေးရမည်ဆိုသည့်အပေါ် တပ်မတော်အတွင်း ပြောဆိုဆွေးနွေးမှုများ ရှိကြောင်း ၎င်းက ဧရာဝတီသို့ သြဂုတ်လတွင် ပြောဆိုခဲ့ဖူးသည်။


တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး၌ နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ UEC ၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို စာဖြင့် ထပ်ဆင့် ဖြန့် ဝေခြင်း၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆွေးနွေးပွဲများတွင် ပြောဆိုကြခြင်းတို့ ဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲများကို ယခင်ကတည်းကပင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဓိက အားဖြင့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများနှင့် လတ်တလော ဖြစ်ပျက်နေသော ကိစ္စများ (Current Issues) ကို ဆွေးနွေးကြ သည်ဟု သိရသည်။


ယခု လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ ထဲရှိ မဲရုံများလည်း တပ်ပြင်သို့ ထုတ်ပေးထားရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ ကြေ ညာခြင်းနှင့် ပတ်သက်၍လည်း UEC မှာ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ခံနေရသည်။


@The Irrawaddy-Burmese Edition

မှကူးယူဝေမျှဖော်ပြပါသည်။

Sunday, October 18, 2020

ဝန်ကြီးချုပ်မခန့်ခြင်းက မင်းစောက်လုပ် မဟုတ်


 .

တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို ခန့်ခြင်း မခန့်ခြင်းက မင်းစောက်လုပ် မဟုတ်၊


AAကို နိုင်အောင် မတိုက်နိုင်တာ  မင်းစောက်လုပ်

နယ်စပ်ခြံစည်းရိုး ကာကွယ်ဖို့က  မင်းစောက်လုပ်


တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခြင်း 

မဖြစ်ခြင်း ဆိုတာ မင်းစောက်လုပ် မဟုတ်၊


တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့

အပစ်အခတ် ရပ်စဲနိုင်ဖို့က  မင်းစောက်လုပ်


ခြင်းကြား တပ်မတော်ကနေ နိုင်ငံတကာ အဆင့်မှီ

တပ်မတော် တည်ဆောက်ဖို့က မင်းစောက်လုပ်


ပြည်သူရွေးချယ်တဲ့ နိုင်ငံရေးပါတီတွေက

နိုင်ငံတည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့်

ပါဝင်တာ မပါဝင်တာ မင်းစောက်လုပ် မဟုတ်၊


မတရားယူထားတဲ့ ကာကွယ်ရေး ပြည်ထဲရေး

နယ်စပ်ရေးရာ ဆိုတဲ့ ဝန်ကြီးဌာန သုံးခုကို

ပြည်သူ့အစိုးရကို ပြန်အပ်ဖို့က  မင်းစောက်လုပ်


စစ်တန်းလျား ဆိုတဲ့ ကိုယ့်နေရာကိုယ်

အမြီးပြန်ခွေဖို့က  မင်းစောက်လုပ်


ကိုယ့်စောက်လုပ် ကိုယ်သိ

ကိုယ့်စောက်ဆင့် ကိုယ်သိ သားရီး😏


.


#ပင်လယ်ပျော်

Ever Smile

Saturday, October 17, 2020

ထူးဆန်းအံ့ဩဖွယ်ရာများ မြန်မာပြည်တွင်ဖြစ်ပေါ်နေသည်

🙄🙄🙄

တရုတ်ကနေ ကျော်မြင့်ဆီ စီးဆင်းလာတဲ့ ငွေကြေးထောက်ပံ့ရေးလမ်းကြောင်း


 တရုတ်ဒလံကိုဖမ်းတယ်။

ဟော...သူ့တပည့်ကို NLD အမတ်တွေကို ပြန်ဖမ်းခိုင်းလိုက်တယ်။

အခု...တရုတ်ကနေ ကျော်မြင့်ဆီ စီးဆင်းလာတဲ့ ငွေကြေးထောက်ပံ့ရေးလမ်းကြောင်းကို အစိုးရက ဖေါ်လိုက်ပြီ။

အဲ့...အပြန်အလှန်အနေနဲ့ ဟိုး.....နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ကနေ တရုတ်ဘဏ်တွေဆီ စီးဆင်းခဲ့တဲ့ အဘတို့ရဲ့ ငွေကြေး လမ်းကြောင်းကြီးကို ပြန်ဖေါ်လိုက်လို့ကတော့ ......ဟူး........မတွေးဝံ့ဘူး။


အင်းလေ....ဒါကြောင့်လဲ အဘတို့ဆီက တရုတ်ကိုလဲ ကြောက်ရပါတယ်ဆိုတဲ့ ဝန်ခံချက် ထွက်လာတာပေါ့။

သူတို့ဘက်ကကြည့်တော့လဲ ကြောက်စရာကြီးမဟုတ်လား။

အဘတို့ တော့ ..........သနားပါတယ်။

အင်း... 

အနိစ္စ ဒုက္ခ အနတ္တ .....မမြဲခြင်းတရားတွေပါလားနော်..........


Naing Oo

Friday, October 16, 2020

ငွေကြေးခဝါချမှု၊ တရားမဝင်ဝင်ရောက်မှု ဥပဒေတွေနဲ့ UDP ဥက္ကဋ္ဌငြိစွန်း

 မန္တလေးထောင်ကနေ ထွက်ပြေးပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာခဲ့တဲ့ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ကနဦးစစ်ဆေးချက်အရ ငွေကြေးခဝါချမှု ဥပဒေ၊ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်မှု ဥပဒေတွေနဲ့ ငြိစွန်းနေတာကို စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

ဦးကျော်မြင့်ကို စစ်ဆေးချက်နဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ၂၀၁၄ ကနေ ၂၀၂၀ အတွင်း သွင်းကုန်ထုတ်ကုန်လိုင်စင် လျှောက်ထားချက်မရှိဘဲ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း တရားမဝင် တင်သွင်းရောင်းချမှု တွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီဆောင်ရွက်ချက်တွေကြောင့် ဝင်ငွေရလမ်းမဖော်ပြတဲ့ငွေကြေးတွေကို လက်ဝယ်ထားသုံးစွဲမှုနဲ့ ၂၀၁၄ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဦးဇော်ဌေးက ဒီနေ့ သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ဦးကျော်မြင့်ဟာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝန်ထမ်းတွေ၊ ပါတီဝင်တွေကို အတိုးနှုန်းသတ်မှတ်ပြီး ငွေကြေးချေးပေးခဲ့တာတွေရှိပြီး ဒါဟာ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အတွင်း ကျခံရနိုင်သလို ကျပ်သန်း ၅၀၀ ထပ်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ် လို့ ဦးဇော်ဌေး ကပြောပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကြေးပေးခဲ့တာတွေရှိပြီး ဒီအချက်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ၆ (စ)အရ ငြိစွန်းမှုရှိ၊ မရှိ စစ်ဆေးပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီလည်း အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်မှာ ထောင်ကျနေစဉ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကနေတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပြီး ကနေဒါနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြောင်းန့  ၂၀၁၂ မှာ တရုတ်နိုင်ငံကို ရောက်ခဲ့ပြီးနောက် မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်ခဲ့တာ လို့ ပြောပါတယ်။

ကနဦးစစ်ဆေးတွေရှိချက်အရ ဦးကျော်မြင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှု ၂၃ ဘီလီယံရှိတယ်လို့ ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


RFA Burmese


Saturday, February 7, 2015

မြန်မာမွတ်စ်လင်မ်အစ

မြန်မာမွတ်စ်လင်မ်အစ (1)
ဤစာတမ်းငယ်မှာ ကမ္ဘာကျော် တက္ကသိုလ်ကြီးတစ်ခုတွင်
Ph.D Candidate တစ်ဦးက သူ၏ ပါရဂူဘွဲ့ Ph. D အတွက်
တင်သွင်းသော Thesis ကျမ်း မှ Chapter ကဏ္ဍ တစ်ခုကို ထုတ်နှုတ်၍ ကျနော်အပိုကအလိုမရှိ
စာချောရုံမျှသာ Translate ဘာသာပြန် ထားသော စာတမ်းတစ်ခုဖြစ်ပါသည်။
ဘွဲ့ယူစာတမ်း Term Paper တို့မဟာကျမ်း Master Thesis ၊ ပါရဂူကျမ်း DoctorateThesis တို့ ဆိုသည်မှာ အထောက်အထားမဲ့ ထင်ရာမြင်ရာ
ကြားဖူးနားဝ တစ်ဆင့်စကားတို့ကို ဖတ်ကောင်းရုံ ရေးသားတင်သွင်းမရနိုင်ကြောင်းကို
ပညာတတ် မိတ်ဆွေများသိရှိ နနားလည်သဘောပေါက် တွေ့ကြုံကြပြီးဖြစ်သည့်အလျောက်
ဤစာတမ်း သည်လည်း သမိုင်းကို အရှိအတိုင်း ဗဟုသုတအလို့ငှါ ရေးသားတင်ပြခြင်းမျှသာဖြစ်ပါကြောင်း။
ထိုပုဂ္ဂိုလ်၏ မေတ္တာရပ်ခံချက်အရ သူ၏ အမည်နှင့်
ကျမ်းကိုးစာရင်းများ ချန်လှပ်ထား ခဲ့ရခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။
မြန်မာမွတ်စ်လင်မ်အစ
မြန်မာနိုင်ငံသည်ကား ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ အစရှိသောဘာသာဝင်များ များစွာရှိသည်မှန်သော်လည်း၊
ဗုဒ္ဓဘာသာဝင်အများစုတို့ နှစ်ပေါင်းရာချီ၍ နေထိုင်လာကြလာသော နိုင်ငံတစ်ခုဆိုသည်ကား အငြင်းပွါးသံသယဖြစ်ရန်အကြောင်းမရှိပါပေ။
သမိုင်းမတင်မီကာလ
သမိုင်းမတင်မီကာလက မြန်မာနိုင်ငံ ဟုဖြစ်တည်လာမည့် အရပ်ဒေသအတွင်း မှီတင်းနေထိုင်ကြသူတို့မှာ
ဘာသာတရားဟူ၍မရှိကြပဲ နတ်ကိုးကွယ်သူများအဆင့်မှာသာရှိကြပေသည်။
သူတို့၏နေ့စဉ်ဘဝများကို နတ်တို့က လွှမ်းမိုးထိမ်းချုပ်ကြသည်ဟုသာ ယုံကြည် ထားကြလေသည်။
ထိုမှတဖြည်းဖြည်း အိန္ဒိယ မြောက်ပိုင်း မှ ဝင်ရောက်လာကြသော အာရိယာန် အနွယ်ဝင် ခတ္တြိယ လူမျိုးများ၏ လွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေး၊ လက်မှုအတတ်ပညာတို့ ရရှိလာသလို
ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့ကိုလည်းလိုက်နာကျင့်သုံးတတ်လာကြပေသည်။
” မဟာရာဇဝင် ” အဆိုအရ အိန္ဒိယ မြောက်ပိုင်းသား တစ်ဦးဖြစ်သူ ” အဘိရာဇာ ” သည်
သူ၏ နောက်ပါ စစ်သည်တော် တပ်မကြီးနှင့်အတူ
နောင်အခါ ”ဧရာဝတီမြစ်” ဟုအမည်တွင်လာမည့် မြစ်ကြီး၏ အလယ်အရပ် မြေပြန့်လွင်ပြင်သို့စုန်ဆင်းလာပြီး
‘‘ တကောင်း ” ဟူသော မြို့ပြနိုင်ငံ တစ်ခုကိုတည်ထောင်အုပ်ချုပ် ” မင်း ” လုပ်လေသည်။
ယင်း ” တကောင်း ” နိုင်ငံသည်ကား ယနေ့မြန်မာ နိုင်ငံ၏အစ၊
အဘိရာဇာ သည်ကား မြန်မာမင်းတို့၏အစပထမ ဖြစ်ကာ ယခုတိုင် ရှေးဟောင်းသမိုင်းအမွေအနှစ်အကြွင်း များရှိနေပါသေးသည်။
အဘိရာဇာ ကံကုန်ချိန်တွင်ကား သားတော်နှစ်ပါး နန်းလုကြရာ
သားတော်ငယ် ” ကံရာဇာငယ် ” တကောင်းထီးနန်းကိုရ၍ သားတော်ကြီး ” ကံရာဇာကြီး ” မှာ
သူ၏ သစ္စာခံနောက်လိုက်များကိုဦးဆောင်လျှက် ဧရာဝတီ ၏ တောင်ဖက် သို့စုန်ကာ
နောင် ” ချင်းတွင်း ” ဟုအမည်တွင်လတံ့သော မြစ်ကြီးတစ်ခု၏အဝ
” ကလေး ” ဟုအမည်တွင်သောကုန်းမြင့်အနီး ” ကဘော် ” လွင်ပြင်၌ မြို့ပြတည်ကာ
သူ၏ သားတော် ” မုဒိသစ္စာ ” ကိုနန်းတင် အုပ်ချုပ်စေ ခဲ့သည်။
သူကိုယ်တိုင်မူကား အနောက်တောင်ဖက်သို့ ဆက်လက်စုန်ဆင်းကာ
” အာရကန် ” အမည်တွင်သော ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ရောက်ရှိကာ
ဘီစီ ၈၂၅ ၌ ” ကျောက်ပန်းတောင်း ” အရပ်တွင် နန်းတည် စိုးစံခဲ့လေသည်။
” ရခိုင်ရာဇဝင် ” တွင်လာရှိသည်မှာကား ” ရခိုင်လူမျိုး ” တို့သည် ” အဘိရာဇာ ” ၏သားအကြီးဖြစ်သူ ” ကံရာဇာကြီး ” မှဆင်းသက်လာကြသူ
” သားတော်ကြီး၏ အနွယ်ဝင်များ ” ဖြစ်ကြသောကြောင့်သူတို့ကိုသူတို့ ” မြန်မာကြီး ” များဟု ခေါ်ဝေါ်သမုတ်ကြလေသည်။
( ရခိုင်သံအရဆိုလျှင် မရမ္မာကြီး )
ကံရာဇာငယ် နှင့် သူ၏အဆက်အနွယ် ၃၁ ဆက် မင်းလုပ် အုပ်ချုပ်ခဲ့သော ပထမဆုံး မြန်မာနိုင်ငံတော်ဟု သတ်မှတ်ခံရသည့် ”တကောင်းနိုင်ငံတော်” ကြီးကားအရှေ့အရပ်မှ ”တရောက် သို့မဟုတ် တရက် ” ခေါ်တရုပ် မန်ချူး ကျူးကျော်သူများ၏ ချေမှုန်းဖျက်စီးခြင်းကိုခံလိုက်ရပေတော့သည်။
တကောင်း နောက်ဆုံးမင်း သည် တရောက်၊ တရက်တို့ကျူးကျော်ဝင်ရောက်လာသောအခါ တကောင်း၏
အောက်အရပ် ဧရာဝတီ အနောက်ဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ရင်း ထိုအရပ်၌ပင် ကံကုန်ခဲ့ရှာ၏။
ထိုမျိုးဆက်တို့သည်ကား အုပ်စု ၃ စုကွဲခဲ့၏။
ပထမအစုမှာ
ယင်းကံတော်ကုန်ဘုရင်၏ မိဖုရားဦးဆောင်သောအစုဖြစ်ပြီး၊ယင်းဒေသ၌ပင်အခြေချလေ၏။
ဒုတိယအစုမှာ
အဘိရာဇာ၏ သားတော်ကြီး ကံရာဇာကြီး၏ သားဖြစ်သူ မုဒိသစ္စာ၏ မျိုးဆက်များ
တည်ထောင်အုပ်ချုပ်မင်းလုပ်နေသော ” ကလေး ” ဒေသ၌ ဝင်ရောက်ပေါင်းစည်း ခိုလှုံခဲ့ကြလေသည်။
တတိယ တစ်စုမှာ
ယ္ခု ရှမ်းပြည်နယ်ဟုခေါ်တွင်သောအရပ်သို့ပြောင်းရွှေ့ကာ အခြေချကြလေသည်။
များမကြာမီကာလ၌ အိန္ဒိယနွယ်ဖွား ” သကြ ရာဇာ ” ဦးဆောင်သော မျိုးနွယ်စုတစ်စုဝင်ရောက်လာပြီး
ကံတော်ကုန်သူ တကောင်းမင်း၏ မိဖုရားကို လက်ဆက်ကာ ထိုအရပ်ဒေသ ( တကောင်းနှင့်မနီးမဝေး ) မှာပင်
နန်းတည်ကာမြို့ပြနိုင်ငံတည်ထောင်လေသည်။
ယ္ခုအခါ ” ပုဂံပြည်ဟောင်း ” ဟုအမည်တွင်လေသည်။
ဤမြို့ပြနိုင်ငံတော်အား ” သကြ ရာဇာ ” ၏ မျိုးဆက်များက မင်းဆက် ၁၆ ပါးအဆက်ဆက် မင်းလုပ် အုပ်ချုပ်ကြလေ၏။
နောက်ဆုံးမင်းဆက် ”သတိုးမဟာ ရာဇာ” အား မဟာရာဇဝင်တွင် အမျိုးအမည် ဖော်ပြမထားသောကျူးကျော်သူတစ်စုက ထီးနန်းမှဖယ်ရှားသုတ်သင်ကြလေသည်။
ယင်း၏ မိဖုရား၏မောင်ဖြစ်သူ အိမ်ရှေ့စံ သည်မြစ်ဧရာကိုစုန်ဆင်းကာ လွတ်မြောက်သွားပြီး ” ပြည်” မြို့အနီး တောင်ကုန်းတစ်ခုအပေါ်ဝယ် ရသေ့တစ်ပါး အဖြစ်
သီတင်းသုံးကာ တိမ်းရှောင်နေလေ၏။
နန်းချသုတ်သင်ခံရသော သတိုးမဟာ ရာဇာဘုရင် ၏ မိဖုရားသည် မကြာမီမှာပင် မျက်မမြင် အမွှာသားတော် ၂ ပါး
” မဟာ သမ္မဝ နှင့် စူဠာ သမ္မဝ ” တို့ကိုဖွားမြင်လေသည်။
ထိုခေတ် နန်းတွင်းစည်းမျဉ်းစည်းကမ်းအရ နန်းမစံထိုက်သော မျက်မမြင်ဒုက္ခိတ သားတော် ၂ ပါး
အကွက်မျက်ခံရမည်ကိုစိုးရိမ်သူ မိဖုရား သည် သားတော် ၂ ပါးကို ဖောင်တစ်ခုပေါ်တင်လျှက်
မြစ်ဧရာတွင်မျှောကာလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့လေသည်။
သူတို့သည် ဖောင်နှင့်မျောလာစဉ်အတွင်း မျက်စေ့ ၂ ကွင်းအလင်းရခဲ့ ( အောင် ကုသခံခဲ့ရ ) ပြီး ပြည်မြို့သို့ဆိုက်ရောက်ကာ
နှမဝမ်းကွဲတော်သူ ရသေ့ကြီး၏ သမီး နှင့်ဆုံတွေ့ခဲ့ကြ၏။
ထို့နောက် သားတော်ကြီး မဟာ သမ္မဝ သည် နှမဝမ်းကွဲအား မိဖုရားအရာမြှောက်ကာ ” ပြည်မြို့ပြနိုင်ငံ ” ကို
ဘီစီ ၄၈၃ ခုနှစ်တွင်တည်ထောင်လေ၏။
သို့သော် မဟာ သမ္မဝ သည် ၆ နှစ်ကြာအုပ်စိုးပြီး ကံကုန်လေရာ ပြည်ထီးနန်းကို ညီတော် စူဠာသမ္မဝ က ၃၅ နှစ်ကြာဆက်လက်အုပ်စိုးလေသည်။
စူဠာသမ္မဝ လွန်လေသော် မဟာသမ္မဝ ၏သားဖြစ်သူ နန်းတက်လာပြီး ပြည်မြို့တော်ကို အရှေ့ဖက်သို့ ၅ မိုင်ချဲ့ထွင်ကာ
” သရေခေတ္တရာပြည် ”ဟုအမည်မှဲ့ခေါ်စေကာ စိုးစံခဲ့လေသည်။
နှစ်ပေါင်း ၅၇၈ နှစ်တည်တံ့ ခံ့ငြားခဲ့သော ” သရေခေတ္တရာပြည် ” ကြီးသည် မြန်မာရာဇဝင်တွင်ခဲ့သော ခေတ်ကြီးများအဆက်ဆက်အလွန်မတန်မှကျော်စောလှပေသည်။
ယင်း သရေခေတ္တရာပြည်ကြီးကား ဗုဒ္ဓအဆုံးအမကို လက္ခံယုံကြည်ထားနှင့်သူ မွန်တလိုင်း ဟုမျိုးနွယ်အမည်တွင်သော
အိန္ဒိယနွယ်ဝင် ” တလိင်္ဂ ” လူမျိုး ” သထုံ ဘုရင် ” က သူ၏ အာဏာစက်အောက်တိုက်ခိုက်သိမ်းသွင်းလိုက်ချိန်မှစကာသရေခေတ္တရာ သမိုင်းနိဂုံးချုပ်ခဲ့ရလေတော့သည်။
သထုံဘုရင်သည် မြန်မာနိုင်ငံ တောင်ပိုင်းတစ်ခုလုံး ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ပဲခူးဒေသ၊ ပြည်ဒေသ နှင့် ထိုင်းနိုင်ငံနယ်စပ်များအထိအပါအဝင်
မွန်ဒေသများကိုစုစည်းလျှက် မင်းလုပ်အုပ်ချုပ် စိုးစံလေသည်။
ယင်း၏ ” သုဝဏ္ဏဘုမ္မိ ” နိုင်ငံသည် နောက်ပိုင်း မြို့တော်ကို ” ပဲခူး ” သို့ပြောင်းရွှေ့စိုးစံခဲ့သဖြင့် ” ပဲခူးနိုင်ငံတော် ” အဖြစ်လည်း ထင်ရှားခဲ့ပေသည်။
ယင်းအချိန်မှာပင် ပြည် သရေခေတ္တရာသားများမှာ နှစ်ပိုင်း ကွဲခဲ့လေသည်။
တစ်စုကား သထုံမင်း၏ လက်အောက်၌ ဗုဒ္ဒဘာသာဝင်ဘဝဖြင့် မွေ့ပျော်ကျန်ခဲ့ကြပြီး၊
ကျန်တစ်စုကား သရေခေတ္တရာကိုစွန့်ပြီး မြောက်ဖက်သို့ဆန်တက်ခဲ့ကြကာ
ပုဂံပြည်ဟောင်း အနီး ” ပုဂံထီးနန်း အသစ် ” ကိုပြန်လည်တည်ထောင်ကြပေတော့သည်။
သူတို့သည် ” နဂါး ” များကိုကိုးကွယ်ကြသည် ၊ အရည်းကြီးရဟန်း များက ဦးစီးဦးဆောင်ပြုလျှက် နဂါးရုပ်များဖြင့် ပုထိုး၊ ကျောင်းသင်္ခန်းများကို တည်ကာ ဘုရင် မင်းအဆက်ဆက် တို့အပေါ် လွှမ်းမိုးချယ်လှယ်ကြကာ သာသနာပိုင်များဖြစ်လာကြလေသည်။
မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင် နှင့် တနင်္သာရီ ၊အောက်မြန်မာနိုင်ငံ ဒေသများတို့သို့
ပင်လယ်ရေကြောင်းသွား အာရဗ်ကုန်သည်များ ၊ မြန်မာနိုင်ငံအရှေ့မြောက်အရပ် ယူနန်ဒေသ နယ်စပ်တို့သို့
ကုန်းလမ်းသွား ပါးရှန်းကုန်သည်များ အေဒီ ၈၆၀ ခုနှစ်ထက်စော၍ စတင်ဝင်ရောက် ကူးသန်းရောင်းဝယ်
အခြေချ ခဲ့ဖွယ်ရှိပါသော်လည်း သမိုင်းမှတ်တမ်းစာပေ အဖြစ်မတွေရှိရပါပေ။
အထောက်အထား အခိုင်အလုံရှိပါသော်လည်း စာပေသမိုင်းအထောက်အထားတစ်စုံတစ်ရာမကျန်ရစ်သော
မြန်မာနိုင်ငံသို့ ပထမဦးစွာရောက်ရှိအချေချနေထိုင်သူ အထင်ကရ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်လူမျိုးကား
အေဒီ ၈၆၀ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ဖက်အရပ် မောင်တောမြို့သို့ သူ၏နောက်လိုက်နောက်ပါများနှင့်အတူ
ရောက်ရှိလာသော ဆယဒ် မိုဟာမဒ် အလ် ဟနဖီ အမည်ရှိ စတုတ္ထခလွီဖွာ အလီ ၏
သားတော်များအနက်မှ တစ်ဦး ပင်ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်ကြီးသည် ရခိုင်ဒေသခံ ဘုရင်မ ”ကယာ သီရိ/ပါရီ” (ကလျာသီရိ ဖြစ်မည်ဟုထင်ပါသည်။ ။ဘာသာပြန်သူ) နှင့်
စစ်မက်ဖြစ်ပွါးခဲ့ကာ အနိုင်ရရှိခဲ့ပြီးဘုရင်မ ကယာ သီရိ ကိုလက်ထပ်ထိမ်းမြားခဲ့ပါသည်။
သူမနှင့်အတူ သူမ၏ နောက်လိုက်နောက်ပါအပေါင်းတို့သည်လည်း
အစ္စလာမ်ဘာသာသို့ကူးပြောင်းလာကြလေသည်။
ထိုပုဂ္ဂိုလ်ကြီး နှင့် သူ၏ကျင်ယာတော်၏ ဂူဗိမ္မာန်များ မောင်တောဒေသရှိ မေယုတောင်ထိပ် တွင် ယနေ့တိုင်
အထင်အရှားရှိနေသေးသော်လည်း သူ၏ရောက်ရှိလာပုံ၊ ဘဝမှတ်တမ်း နှင့် ထိုဒေသ အစ္စလာမ်ဘာသာ နှင့်
မွတ်စ်လင်မ်များ၏အခြေအနေများကို သမိုင်းစာပေမှတ်တမ်းမှတ်ရာများကား မရှိခဲ့ပါပေ။
ပထမမြန်မာနိုင်ငံတော်ခေတ်
အေဒီ ၁၀ ရာစုခန့်တွင် မြန်မာရာဇဝင်၌ မဟာသူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံထားရသူ
အနော်ရထာ သည် ပုဂံပြည့်ရှင် မင်းဖြစ်လာခဲ့သည်။ သူသည် မွန်တလိုင်း နှင့် ရှမ်းတို့၏သိမ်းပိုက်ထားခံရသော
” တကောင်းနိုင်ငံ၊ သရေခေတ္တရာနိုင်ငံ ” တို့ကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို ရာစုနှစ် ၂ စုစာမျှ သီးခြား
လွတ်လပ်စွာတည်ရှိနေကြသောအကွဲကွဲအပြားပြားတည်ရှိနေသော မြို့ပြနိုင်ငံငယ်အချို့ကိုပါ သူ၏ လက်အောက်သို့
စုစည်း သိမ်းသွင်းနိုင်ခဲ့လေသည်။ သို့ဖြစ်ရာ အထက်မြန်မာနိုင်ငံ နှင့် အောက်မြစ်ဝကျွန်းပေါ်ဒေသများအပါအဝင်
အရှေ့ဆက်စပ်နယ်မြေများကိုပါ သူ၏ပိုင်နက်အဖြစ် သိမ်းပိုက်အုပ်စိုးနိုင်ခဲ့သူဖြစ်၍ မြန်မာသမိုင်း တွင်
ပထမ မြန်မာနိုင်ငံတော် ကိုတည်ထောင်ခဲ့သူအဖြစ် ရာဇဝင် မော်ကွန်းတွင်ခဲ့လေသည်။
ထိုမျှမကသေး ယနေ့ ပြကတေ့ ကျင့်သုံးနေသောစစ်မှန်သည့် ဗုဒ္ဒသာသနာတော် ပေါ် ထွန်းလာရန်
သာသနာ သန့်စင်ထွန်းကားပျံ့ပွါးစေသူ မင်းအဖြစ်လည်း ရာဇဝင်တွင်ခဲ့လေသည်။
တရုပ်၊ အိန္ဒိယ တို့နှင့်လည်းငြိမ်းချမ်းစွာဆက်ဆံနိုင်ခဲ့လေသည်။
မဟာရာဇဝင်ကျမ်း တွင် ပထမဆုံး ဖော်ပြထားခြင်းခံရသော မွတ်စလင်မ်များကား
အေဒီ ၁၀၅၀ တွင် အောက်မြန်မာနိုင်ငံကို အုပ်ချုပ်စိုးစံနေသူ သထုံမင်း အပိုင်
မုတ္တမကမ်းခြေသို့ သင်္ဘောပျက်ကာ ဗျတ် ဖြင့်မျော၍ရောက်ရှိလာသူ အာရဗ်ကုန်သည်၏
သားနှစ်ဦး ” ဗျတ်ဝိ နှင့် ဗျတ္တ ” တို့ပင်ဖြစ်ပေသည်
သထုံဘုရင်သည် ယင်းတို့ နှစ်ဦးအား ဒုက္ခသည်များအဖြစ် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင်
ထိမ်းသိမ်း လက်ခံထားသော်လည်း ယင်းတို့၏ ရဲရင့်ဖြတ်လတ်မှု၊ အစွမ်းထက်မှု၊ စွမ်းအားကြီးမှုတို့ကို
စိုးထိတ်လာ၍ သုတ်သင်ပြစ်ရန် အမိန့်ပေးလေသည်။
အကိုကြီးဖြစ်သူ ဗျတ်ဝိ မှာ သုတ်သင်ကွက်မျက်ခံလိုက်ရပြီး၊ ညီငယ် ဗျတ္တ မှာမူ ပုဂံပြည် သို့
ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။
ပုဂံပြည့်ရှင် အနော်ရထာ သည် ဗျတ္တ ၏ လက်ရုံးရည် နှလုံးရည် ထူးချွန်မှူတို့ကို
နှစ်သက်သဘောကျကာ အပါးတွင်ခစားခွင့်ပေးလေ၏။ ဗျတ္တ သည် ပုဂံသူ မြန်မာအမျိုးသမီးတစ်ဦးနှင့်
လက်ဆက်ခဲ့ပြီး ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး ဟူသောသားတော်နှစ်ပါးထွန်းကားခဲ့သည်။
ယင်းတို့ နှစ်ဦးကို ပုဂံရာဇဝင်များတွင် အနော်ရထာမင်း၏ မြေးတော်များ ဟုဖော်ပြလာရှိပေသည်။
ယင်းတို့ နှစ်ဦးမှာ ဘုရင့် တော်ဝင်မြင်းသည်တော်တပ်မှူးများဖြစ်လာခဲ့ကာ တိုက်ပွဲတိုင်းလည်းအနိုင်ရခဲ့ကြသည်။
မဟာရာဇဝင် လာ ဒုတိယမ္မိ မှတ်တမ်းမှာကား ဖခင် အနော်ရထာ ကို ဆက်ခံသော
စောလူးမင်း ( အေဒီ ၁၀၇၇ မှ ၁၀၈၈ ) လက်ထက် ” ရမန်ကန်း ” ( ရဟ်မာန်ခန်း ) အကြောင်းပင်။
အနော်ရထာမင်းသည် အာရဗ်မွတ်စ်လင်မ် တစ်ဦးကို သားတော် စောလူးမင်းသားအတွက်
နန်းတွင်းဆရာတော် အဖြစ်ခန့်အပ်ခဲ့၏။ စောလူးမင်းသား နန်းတက်လာသောအခါ မိမိဆရာတော်၏
သားလည်းဖြစ် မိမိ၏ငယ်စဉ်က ကစားဖော်လည်းဖြစ်သူ ရမန်ကန်း အား ပဲခူးစား အဖြစ်ခန့်အပ်ကာ အပိုင်စားစေသည်။
မကြာမီ ရမန်ကန်း သည် စောလူးမင်း အားပုန်ကန်ကာ ဖမ်းဆီးအကျဉ်းချကာ ကွပ်မျက်လိုက်ပြီး
ပုဂံ ကိုချီတက်တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ကြိုးစားလေသည်။သို့သော် ရမန်ကန်း အား စောလူးမင်း၏
နောင်တော်ဖြစ်သူ ကျန်စစ်သား က နှိမ်နင်းသုတ်သင်ခဲ့လေသည်။

မွတ်စ်လင်မ်များ မြန်မာနိုင်ငံအတွင်း အခြေချ နေထိုင်မှုမှတ်တမ်းများကို ကျန်စစ်မင်းလက်ထက်
မှတ်တမ်းများအရသိရှိရပေသည်။
ကျန်စစ်မင်းလက်ထက် အိန္ဒိယပြည်နှင့်အကြိမ်ကြိမ်စစ်မက်ရင်ဆိုင်ရာမှ
ဖမ်းဆီးရမိလာသော စစ်သုံ့ပန်းများအနက် မွတ်စ်လင်မ် သုံ့ပန်းများလည်းပါရှိလာခဲ့ပေသည်။
ယင်းသုံ့ပန်းတို့အား မြန်မာနိုင်ငံ အနှံ့အပြား လူစုခွဲ ပို့ဆောင်နေရာချ နေထိုင်ခွင့်ပေးခဲ့လေသည်။
အေဒီ ၁၂၇၇ တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို တရုပ်ပြည်မှ ကူဗလိုင်ခန် ၏တပ်များကဝင်ရောက်တိုက်ခိုက်
သိမ်းပိုက်လိုက်ကြလေသည်။ ယင်းတို့သည် နှစ်အနည်းငယ်ကြာသောအခါ( အေဒီ ၁၂၈၅/၁၂၈၇) တောင်ဖက်အရပ်ရှိ
ပုဂံပြည်ကြီးကိုလည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လေရာ ပထမမြန်မာနိုင်ငံတော်ကြီး၏ ရာဇဝင်လည်းချုပ်ငြိမ်းခဲ့လေတော့သည်။
ယင်း ကူဗလိုင်ခန် ၏တပ်မဟာကြီးကိုဦးဆောင်လာသူမှာ ယူနန်ဘုရင်ခံ၏သား တူရကီလူမျိုးစစ်ဗိုလ်ချုပ်ကြီး ဖြစ်ပါသည်။
အောက်မြန်မာနိုင်ငံနှင့် မွတ်စ်လင်မ်များ
ပုဂံပြည့်ရှင်ဧကရာဇ်အနော်ရထာသည် ပထမမြန်မာနိုင်ငံကြီးကိုစုစည်းတည်ထောင်ခဲ့စဉ်ကပင်
အောက်မြန်မာနိုင်ငံ ဒေသများ၏ သစ္စာတော်ခံဘုရင်များအား ကိုယ့်မင်းကိုယ့်ချင်းဖြင့် ကိုယ့်ဒေသကို
ကိုယ်တိုင်စိုးစံအုပ်ချုပ်ခွင့်ပြုခဲ့လေရာ ပုဂံထီးနန်းပျက်သုဉ်းချိန်၌ထို မြို့ပြနိုင်ငံလေးများစုစည်းအားကောင်းလာကာ
နိုင်ငံသစ်များအဖြစ် ပေါ်ထွန်းလာခဲ့လေသည်။ ( မွန်ထီးနန်းများဖြစ်ဟန်ရှိပါသည်။ ။ဘာသာပြန်သူ )
ထိုခေတ်ထိုအခါက ကုန်သွယ်ခရီးသွားမှတ်တမ်းများအရ ဆက်စပ်ရပါလျှင် မြန်မာနိုင်ငံတောင်ပိုင်း မြိတ်၊ တနင်္သာရီ၊
မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်၊ အောက်မြန်မာပြည် ပဲခူး၊ ရန်ကုန်၊ သံလျှင်၊ ဒလ၊အစရှိသော ဒေသများသို့
မွတ်စ်လင်မ် ပင်လယ်ရေကြောင်းသွားကုန်သည်များ၊ သင်္ဘောသားများ၊စွန့်ဦးသွားလာနယ်မြေသစ်ရှာသူများ
ရောက်ရှိအခြေချကြကြောင်း မှတ်တမ်းမှတ်ရာများကိုတွေ့ရှိရပေသည်။
ထိုသူများသည် သူတို့၏ ကြွယ်ဝသော ဓနဥစ္စာ၊ ဗဟုသုတ၊ အတွေ့အကြုံ တို့ဖြင့် ထိုဒေသများ၏အဓိက
ကုန်သွယ်စီးပွါးများကို ထိမ်းချုပ်ထားနိုင်ရုံသာမက မြို့ပြအုပ်ချုပ်ရေးနယ်ပယ်များတွင်ပါ အရေးပါအရာရောက်လာကြလေသည်။
မြန်မာနိုင်ငံသည်ကား မုတ်သုန်ရာသီရရှိသောတိုင်းပြည်ဖြစ်သည့်အလျှောက်၊ မိုးတွင်းကာလတစ်ခုလုံး မွတ်စ်လင်မ်ကုန်သည်ကြီးများ၏
သင်္ဘောများ ကျောက်ချရပ်နား မိုးခိုကြလေ၏။ ထို မွတ်စ်လင်မ်များအား မြန်မာအမျိုးသမီးတို့အား လက်ထပ်ထိမ်းမြားရန်
မြို့စား၊ နယ်စား၊ ပယ်စားများကိုယ်တိုင် အားပေးတိုက်တွန်းကြလေသည်။သို့သော် သူတို့ပြန်လည်ထွက်ခွါသောအခါ
သူတို့၏ ဇနီးမယား၊ သားသမီးများ နှင့် မရွှေ့ပြောင်းနိုင်သော ဥစ္စာပစ္စည်းများ၊ မိသားစုအတွက်ပေးကမ်းထားသော ( လက်ထက်ပွါး )
ပစ္စည်းများကိုမူ ရောင်းချ၊ ယူဆောင်သွားခွင့်မရှိစေရန်မူ ဥပဒေဖြင့်တားမြစ်လေသည်။
ဤသို့ဖြင့် နှစ်ကာလကြာလတ်သော် ဒေသခံများနှင့် ထိမ်းမြားမှူများကြောင့်မျိုးဆက်သစ်များပွါးများလာသလို အသစ်အသစ်ထပ်မံ
ရောက်ရှိလာကြသူများကြောင့် မွတ်စ်လင်မ်ဦးရေပွါးများလာကြလေသည်။
အများစုမှာ ဆက်လက်အခြေချနေထိုင်ကြရင်းဒေသခံ မင်းများ၏နယ်ပယ်ချဲ့ထွင်ရေးစစ်ပွဲများတွင် ကျွမ်းကျင်ရာအတတ်ပညာများဖြင့်ပါဝင်အမှုတော်ထမ်းကြလေသည်။
ထိုသူတို့သည်ကား ” ပသီ ” သို့မဟုတ် ” ကုလား ” ဟူသောအမည်နာမဖြင့် မြန်မာမွတ်စ်လင်မ်မျိုးဆက်တစ်ခုကို စတင်တင်ထောင်ကာ
ဘုရင်များကိုယ်တိုင် ချီးမြှင့်ပေးသနားထားသော ” ကုလားတန်း ” ဟုခေါ်တွင်သော အရပ်များ၌ သစ္စာတော်ခံကာ သက်ဆုံးတိုင် အတည်တကျနေထိုင်သွားကြလေသည်။
ဒုတိယမြန်မာနိုင်ငံတော်နှင့် မွတ်စ်လင်မ်များ
ဒုတိယမြန်မာနိုင်ငံတော်၏ ဧကရာဇ်ဟု သမိုင်းတွင်သူ ဘုရင့်နောင်မင်းတြား ( အေဒီ ၁၅၅၀ မှ ၁၅၈၁ ထိ ) လက်ထက် ယိုးဒယားနိုင်ငံနှင့်အေဒီ ၁၅၆၈/၆၉ တွင် ဒုတိယအကြိမ်စစ်မက်ဖြစ်ပွါးသောအခါ ဘုရင့်နောင် သည် အိန္ဒိယနိုင်ငံ မှ ခေါ်ဆောင်လာသော မွတ်စ်လင်မ် လက်နက်အတတ်ပညာရှင်စစ်သည်တော်များကိုအသုံးပြုခဲ့ပြီး နောင်တွင် ယင်းတို့ကို မိမိ၏ ဒေသတွင်း အချေတကျနေထိုင်ခွင့် ၊ ထိမ်းမြားလက်ထပ်ခွင့်တို့ချီးမြှင့် ခဲ့သည်။
၁၆ ရာစုအတွင်း မြန်မာမင်းအဆက်ဆက် အိမ်နီးချင်း တိုင်းပြည်များနှင့်စစ်မက်ဖက်ပြိုင်တိုက်ခိုက်ရာမှ ရရှိလာသော စစ်သုံ့ပမ်း များတွင် မွတ်စ်လင်မ် အမြောက်အများပါရှိလေသည်။
ယင်းတို့ကို မြန်မာဧကရာဇ် အပိုင် ရွှေဘိုနယ် မြေဒူးဒေသ ၌နေရာချထားပေး၏။ တဖြေးဖြေးနှင့် ထိုသူတို့အား အနီးဝန်းကျင်ဒေသများဖြစ်သည့်စစ်ကိုင်း၊ ကျောက်ဆည်၊ ရမည်းသင်း အစရှိသောမြို့များသို့လည်းပြောင်းရွှေ့အခြေချခွင့်ပြုခဲ့ပြီး ဘုရင့်အမှုတော်ထမ်းရွက်သူတို့အား မြေယာများပေးကမ်းချီးမြှင့်ခဲ့လေသည်။
ထိုသူတို့၏ ကောင်းသတင်းကြီးသော သစ္စာသမာဓိကို ယုံကြည်ကြသည့်အလျှောက် အချို့လက်ရွေးစင်များကို နန်းတွင်းလက်နက်ကိုင်အစောင့်အရှောက်၊ သက်တော်စောင့်များအဖြစ်ခန့်အပ်ခဲ့သည့်အပြင်
ထိုရာထူးများကိုလည်း သားစဉ်မြေးဆက် ဆက်ခံခွင့် ပေးအပ်ချီးမြှောက်ခံခဲ့ရသူများပင်ရှိလာပေသည်။
သို့သော် ထို ၁၆ရာစုမှာပင် ပင်လယ်ရေကြောင်းသွားလာမှုတွင် တစ်စတစ်စ ဥရောပသားများကြီးစိုးလာမှုက အာရဗ်မွတ်စ်လင်မ်များ၏ရေကြောင်းကြီးစိုးမှုတစ်ခေတ်ချုပ်ငြိမ်းခဲ့ရခြင်းနှင့်အတူ
မြန်မာနိုင်ငံတွင်းသို့ ရေကြောင်းမှ မွတ်စ်လင်မ်များဝင်ရောက်လာမှုလည်း ချုပ်ငြိမ်းသွားခဲ့ပေတော့သည်။
တတိယမြန်မာနိုင်ငံတော်ခေတ်
အလောင်းမင်းတြားကြီးသည် သူ၏ တတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ရန်အတွက် အောက်မြန်မာနိုင်ငံ
မွန်မြို့ပြနိုင်ငံငယ်များ၊ ရခိုင်ပြည် နှင့် အိန္ဒိယဒေသအချို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရ၏။
ပထမဦးစွာ မွန်ဒေသများကို တိုက်ခိုက်သိမ်းပိုက်စဉ် မွန်ဘုရင်၏သစ္စာခံ အာရဗ်နွယ်ဝင် မွတ်စ်လင်မ်များ၏ခေတ်မီလက်နက်များဖြင့်
ကြံ့ကြံ့ခံမှူကိုကြုံရလေသည်။ မွန်ဒေသကိုအောင်နိုင်သွားသောအခါ အလောင်းမင်းတြားသည် မွတ်စ်လင်စစ်သည်တော်များ နှင့်
လက်နက်အတတ်ပညာရှင်များကို ပြည်ရွှေဘို သို့ စစ်သုံ့ပမ်းအဖြစ်ခေါ်ဆောင်လာခဲ့ပြီး သစ္စာခံစေကာ သူ၏တပ်မတော်တွင် အမှုတော်ထမ်းစေသည်။
ထိုအမှုတော်ထမ်းတို့အား ရွှေဘို နှင့် ရမည်းသင်း ဒေသများ၌နေရာချထားလျှက် ” ကုလားပျို ” သို့မဟုတ် ” ပသီ ” များအဖြစ်ခေါ်တွင်စေကာ မျိုးဆက်များပြန့်ပွါးခဲ့လေသည်။
၁၈ ရာစုမှ ၁၉ ရာစုအစောပိုင်းကာလများအထိ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိမြို့ကြီးပြကြီးများ အားလုံးလိုလို
မြန်မာမွတ်စ်လင်မ်များပျံ့နှံ့အခြေချနေထိုင်နှစ်ပြီးဖြစ်ကာ မိမိတို့၏မူရင်း ခံယူယုံကြည်ချက်ဖြစ်သည့် အစ္စလာမ်
ဟူသောကိုးကွယ်ရာဘာသာမှအပ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းရှိ တိုင်းရင်းသားမြန်မာလူမျိုးများနှင့်
ဘာသာစကား၊ ဝတ်စားဆင်ယင်ပုံ၊ ယဉ်ကျေးမမှုဓလေ့စရိုက်မှ အစပြုကာ အစစအရာရာ ရင်းနှီးကျွမ်းဝင် ချစ်ခင်စွာဖြင့်
သဟဇာတမျှတကာ လက်ရေတစ်ပြင်တည်းဖြစ်ခဲ့ကြပေသည်။မြန်မာမွတ်စ်လင်မ်များသည် မြန်မာမင်းအဆက်ဆက်
စစ်မှုထမ်း နယ်ပယ်သာမက အုပ်ချုပ်ရေးနယ်ပယ်များမှာပါ အရေးပေးခန့်အပ်ခြင်း ခံခဲ့ကြရသည်အထိ ဝင်ဆန့်ခဲ့ကြလေသည်။
အလောင်းမင်းတြားကြီး ၏အရိုက်အရာကိုဆက်ခံခဲ့သောသားတော်များဖြစ်သည့် ဘိုးတော်ဘုရားဟု ကျော်ကြားသူ
ပဒုံမင်းလက်ထက် ( ၁၇၈၁-၁၈၁၉ ) တွင် မွတ်စ်လင်မ်ပညာရှင်တစ်ပါး အား တရားလွှတ်တော်ဝန် ( တရားသူကြီးချုပ် ) အဖြစ်လည်းကောင်း၊
ပုဂံမင်း လက်ထက် ( ၁၈၄၆-၁၈၅၃ ) တွင် မွတ်စ်လင်မ်တစ်ဦးကို အမရပူရ နေပြည်တော် ၏ မြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်ခဲ့ပေသည်။
ထို့အတူ မင်းတုန်းမင်းလက်ထက် ( ၁၈၅၃-၁၈၇၈ ) လက်ထက်တွင် များစွာသော မွတ်စ်လင်မ် စစ်ဗိုလ်များသာမက၊ အုပ်ချုပ်ရေးအရာရှိများလည်းများစွာရှိခဲ့လေသည်။
မြန်မာနှင့် အင်္ဂလိပ်တို့ဖြစ်ပွါးခဲ့သမျှ အင်္ဂလိပ်ကျူးကျော်စစ်ပွဲတိုင်းတွင်လည်း မျိုးချစ် မြန်မာမွတ်စ်လင်မ်များသည်
မြန်မာဘုရင်များနှင့် အမိ မြန်မာ့မြေအတွက် အသက်ပေးခုခံ တိုက်ပွဲဝင်ခဲ့ကြလေသည်။
အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအရှေ့မြောက်ဖက် ယူနန် ပန်းသေးမွတ်စ်လင်မ် ဘုရင် က တရုပ်ဧကရာဇ်ကိုတော်လှန်ပုန်ကန်စဉ်
( ၁၈၅၆-၁၈၇၃ )အတွင်းပန်းသေးမွတ်စလင်မ် ကုန်သည်များ၊ လက်နက်အတတ်ပညာရှင်စစ်သည်တော်များ၊ ဒုက္ခသည်များအများအပြားနီးစပ်ရာ မြန်မာနိုင်ငံရှမ်းပြည်အတွင်းသို့ တဖွဲဖွဲဝင်ရောက်ရွှေ့ပြောင်း အခြေချခိုလှုံလာကြလေသည်။
ယင်း ပန်းသေးမွတ်စ်လင်မ်များ နှင့် ရှမ်းလူမျိုးတို့ ကူးလူးဆက်ဆံမှူကား ၁၉၅၀ ခုနှစ်တွင် တရုပ် ကွန်မြူနစ်အစိုးရက ယူနန်ပြည်နယ်ကို တရုပ်ပြည်သူ့သမ္မတနိုင်ငံအဖြစ်သတ်မှတ်လိုက်ချိန်မှစ၍ တစ်ခန်းရပ်ခဲ့ရပေတော့သည်။
ရခိုင်ပြည်နှင့် မွတ်စ်လင်မ်
မြန်မာပြည့်ရှင်များ တန်ခိုးဩဇာကြီးထွားလာသောအခါ အိမ်နီးချင်း တိုင်းပြည်ငယ်များကိုတိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့်လည်းကောင်း ဩဇာခံစေခြင်းအားဖြင့်လည်းကောင်း မိမိတို့၏အာဏာဆက် နယ်ပယ်ချဲ့ထွင်ကြလေသည်။
၁၄၀၄ ခုနှစ်တွင် ရခိုင်ဘုရင် နရမိတ်လှ သည်မြန်မာဘုရင်ကိုစစ်ရှုံးသဖြင့် ဘင်္ဂလားစူလတန် ( စော်ဘွား ) ပိုင်
မြို့တော် ဂိုအား သို့ထွက်ပြေးခိုလှုံလေသည်။ ဘင်္ဂလားစော်ဘွား အာမက်ရှား ကလည်း သူ့အား ကောင်းမွန်စွာလက္ခံ စောင့်ရှောက်ထားရုံမက သူ၏တပ်တော်တွင် အရာရှိ တပ်မှူးတစ်ဦးအဖြစ်ပါ ခန့်အပ်ထားလေသည်။
အာမက်ရှား ကိုဆက်ခံသူ နဒီရှား အား နရမိတ်လှ က မေတ္တာရပ်လာသဖြင့် ဗိုလ်ချုပ် ဝလီခန်း ဦးဆောင်သောတပ်မကြီးတစ်ခုဖြင့်
၁၄၃၀ ခုနှစ်တွင် ရခိုင်ကိုဝင်ရောက်တိုက်ခိုက်စေကာ နရမိတ်လှ အား ရခိုင်ထီးနန်းကိုပြန်လည် အုပ်စိုးစေလေသည်။
နရမိတ်လှ လည်း မြောက်ဦး ( မြို့ဟောင်း ) ၌ နန်းသစ်တည်ကာ ရခိုင်ထီးနန်းကို စိုးစံလေသည်။
အပြန်အလှန်အားဖြင့် နရမိတ်လှ သည် ရခိုင်ထီးနဲန်းကိုပြန်လည်သိမ်းပိုက်တိုက်ခိုက်ပေးခဲ့သူ ဘင်္ဂလားမွတ်စ်လင်မ်စစ်သည်တော်များအားရခိုင်ပြည်တွင် အခြေတကျနေထိုင်နိုင်ရန်
အာမခံခဲ့ရသဖြင့် ယင်းတို့အား မြောက်ဦးဒေသအနီးပါတ်ဝန်းကျင်တွင် နေရာချထားပေးခဲ့ကာ
ယင်းတို့ဝတ်ပြုရန်အလို့ငှါ ” စန္ဒီခန်ပလီဝတ်ကျောင်းတော်ကြီး ” ကို တည်ဆောက်ချီးမြှင့် ခဲ့ရာ ယနေ့တိုင်တည်ရှိလေသည်။
၁၄၃၀ မှအစပြူ၍ ရခိုင်ပြည်နှင့် ရခိုင်သမိုင်း တွင် မွတ်စ်လင်မ်တို့သည်ကားအရေးပါအရာရောက်သောအခန်းကဏ္ဍများမှနေရာယူခဲ့ကြလေသည်။
ရခိုင်ပြည်၏ အုပ်ချုပ်မှုစံနစ်များနှင့် ရိုးရာဓလေ့ မင်းခန်းမင်းနားများ တွင်လည်း ဘင်္ဂလား ဂိုအား နှင့် အိန္ဒယ ဒေလီ
စူလတန်စော်ဘွားများ၏ရိုးရာ စံနစ်များကိုလိုက်နာကျင့်သုံးခဲ့ကြလေသည်။
ရခိုင်ပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်သော်လည်း မွတ်စ်လင်မ်များသည် အရေးပါသော ရာထူးဌာနဏ္တရများတွင် တာဝန်ထမ်းဆောင်ခဲ့ကြလေသည်။
ရခိုင်ပြည်သည် အနောက်ဖက်၌ မွတ်စ်လင်မ်တိုင်းပြည်များနှင့် ထိစပ်နေသည့်အလျောက် နရမိတ်လှ လွန်လေသော် ရခိုင်မင်းအဆက်ဆက်သည်အနောက်ဖက် ဘင်္ဂလားနယ်အထိ သိမ်းပိုက်ရန်ကြိုးစားလာခဲ့ကြသည်။
၁၆ ရာစုတွင် ရခိုင်ဘုရင်သည် ပေါ်တူဂီတို့၏ ကူညီမှူဖြင့် ဂိုအား ကိုသိမ်းပိုက်နိုင်ခဲ့ကြပြီး
မွတ်စ်လင်မ် သုံ့ပမ်းများကိုဖမ်းဆီးခေါ်ဆောင်ကာ ရခိုင်စစ်တပ်များတွင်လည်းကောင်း ၊ ဘုရင့်ကိုယ်ရံတော်တပ်များတွင်လည်းကောင်း တာဝန်ပေးစေခိုင်းခဲ့ကြသည်။
၁၆၅၈ တွင် မဂိုပြည့်ရှင် ရှားဂျဟန် အား အိမ်ရှေ့စံသားတော်ကြီးက ပုန်ကန်ကာ ထီးနန်းကိုသိမ်းပိုက်၍ မဂိုဧကရာဇ် အဖြစ်ခံယူလိုက်လေရာ ဖခင်အတွက်ခုခံခဲ့သူ စစ်ရှုံးမင်းသား ဒုတိယသားတော် ရှားရှူဂျာ မှာသူ၏မိသားစုများ၊ နောက်လိုက်နောက်ပါတစ်စုအတူ ရခိုင်ပြည်သို့ ထွက်ပြေးခိုလှုံလာလေသည်။
အစပထမတွင် ခိုလှုံလာသူ မင်းသားနှင့်သူ၏နောက်တော်ပါဗိုလ်တစ်စုကို ရခိုင်ဘုရင်ကလက်နက်ချစေကာ
မြောက်ဦးအနီး နေရာထိုင်ခင်းပေးလျှက် ဝမ်းပန်းတသာကြိုဆိုလက်ခံခဲ့သော်လည်း နောက်များမကြာမီ မင်းသားနှင့်မိသားစုဝင်များကို ကွပ်မျက်သုတ်သင်လိုက်လေသည် ။
မည်သည့်အကြောင်းအရင်းကြောင့် ကွပ်မျက်သုတ်သင်သည်ကိုမူ မှတ်တမ်းမှတ်ရာမတွေ့ရပါပေ။
အသက်ဘေးမှလွှတ်ပေးခံရသူ စစ်သည်များကိုမူ ရခိုင်ဘုရင်က သူ၏ကိုယ်ရံတော်တပ်တွင် ” ကမန် ” ဟုခေါ်သော အထူး လေးသည်တော်များအဖြစ်ခန့်အပ်လေသည်။
မိမိညီတော်နှင့်တကွတော်ဝင်မျိုးနွယ်များကွပ်မျက်ခံရကြောင်းကြားသိရသူ မဂိုဧကရာဇ်မှာ ရာဇမာန်ထွက်တော်မူပြီး သူ၏ပိုင်နက် အရှေ့ဘင်္ဂလားကမ်းရိုးတမ်းတလျှောက်မီတင်းနေထိုင်ကြသော ရခိုင်လူမျိုးများနှင့်ပေါ်တူဂီပင်လယ်ဓားပြများကို သုတ်သင်ချေမှုန်းပြစ်လိုက်လေသည်။
ရခိုင်ပြည်တွင်လည်း ယခင်ရှိနှင့်သော မွတ်စ်လင်မ် စစ်သုံ့ပမ်းများက မဂိုစစ်တပ်များ၏ကူညီမှုဖြင့် ရခိုင်တပ်တော်ကိုချေမှုန်းတိုက်ခိုက်အောင်နိုင်ကာ
၁၆၈၄ တွင် ရခိုင်ဘုရင်လွန်လေသောကြောင့် ရခိုင်ပြည် ပျက်သုဉ်းလေသည်။
၁၆၆၆ မှ ၁၇၁၀ ခုနှစ်များအတွင်း ရခိုင်ပြည်သည်ကား မဂို စစ်တပ်နှင့်အတူပါရှိလာခဲ့သော အိန္ဒိယအင်ပါယာအနောက်မြောက်ပိုင်းသားများဖြစ်သည့် အာဖဂန် ကြေးစားစစ်သားများ၏ထိမ်းချုပ်မှုအောက်သို့ လုံးလုံးလျားလျားကျရောက်သွားခဲ့ရလေသည်။
၁၇၁၀ တွင် ရခိုင်ထီးနန်းကိုပြန်လည် တိုက်ခိုက်သိမ်းပိုက် စိုးစံခဲ့သူ ရခိုင်ပြည့်ရှင်လက်ထက်တွင် ထိုသူများအား ရမ်းဗြဲကျွန်းသို့နယ်နှင်ခဲ့ပြီး
ကမန် စစ်သည်များကိုမူ အကျပ် ( စစ်တွေ ) နယ်တစ်ဝိုက်သို့ နယ်နှင်လိုက်လေရာ
ယခုအချိန်အထိ စစ်တွေဒေသတွင် ကမန်မျိုးဆက်များကမန်လူမျိုးများအဖြစ် များစွာရှိနေပါသေးသည်။
၁၇၈၅ တွင် မြန်မာဘုရင်ကရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတော်၏အစိတ်အပိုင်းအဖြစ်သွတ်သွင်းအုပ်ချုပ်ခဲ့လေသည်။
မြန်မာပြည့်ရှင်သည် ရခိုင်ပြည်ကို မိမိ၏အမိန့်တော်အတိုင်းတသွေမတိမ်းနာခံစောင့်ရှောက်ကာကွယ်ရန်အတွက်
မြေဒူး မွတ်စ်လင်မ်များကို မြန်မာဘုရင့်တပ်တော်အဖြစ်ဖွဲ့စည်းကရခိုင်ပြည် သံတွဲ ၌ ယုံကြည်စိတ်ချစွာ တာဝန်ချထားခဲ့လေသည်။
ကာလကြာလတ်သော် ယင်းမြေဒူးမွတ်စ်လင်မ်များသည် ဒေသခံ ရခိုင်လူမျိုးများ၊ ကမန်လူမျိုးများ နှင့်ပေါင်းဖက်မိကာ
မိမိတို့မိရိုးဖလာကိုးကွယ်ယုံကြည်ရာ အစ္စလာမ်ဘာသာမှအပ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုတို့
လက်ရေတပြင်တည်းဖြစ်သွားကြပြီး ” ရိုဟင်ဂျာ ” မျိုးနွယ်စုအဖြစ် ယနေ့တိုင် အခြေတကျ နေထိုင်လျက်ရှိကြပေသည်။
ရှိလား မရှိဘူးလား
November 9, 2012 at 10:26pm
ဒီစာတမ်းကို တင်ပြထားသူရဲ့ အောက်ဆုံးက မှတ်ချက်ကိုဖတ်ကြည့်ဗျာ။
(((မှတ်ချက်။ ။Facebook တွင်မျှဝေခြင်း ခွင့်မပြု။))) တဲ့။
ဒါပေမဲ့ကောင်းလွန်းလို့ မနေနိုင်မထိုင်နိုင် ခိုးကူးပြီးတင်လိုက်တယ်။
နောက်မှ တောင်းပန်လိုက်တော့မယ်ဗျာ။
((( တဘက်က ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံတွင် မည်သည့်အခါကမျှ မရှိကြောင်း၊ တဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီများ ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ မောင်းထုတ်ရမည်ဖြစ်ကြောင်း၊ တဘက်ကလည်း ရိုဟင်ဂျာဆိုသည်မှာ နိုင်ငံသားများ ဖြစ်ကြောင်း၊ ဘင်္ဂလီများ မဟုတ်ကြောင်း နှင့် ၂ဘက်မကြေလည်မှုမှအစ တဘက်နှင့်တဘက် အခင်းဖြစ်ပွားကာ လူမှုပြသနာများနေ့စဉ်နှင့်အမျှ နားမဆန့်အောင် ကြားနေရပါသည်။ သို့သော်လည်းမကြားချင် မြင်လျှက်သားဆိုသလို မိုးလင်းရ်ျ သတင်းဖတ်လိုက်သည် နှင့်တပြိုင်နက် မြင်တွေ့နေရပါသည်။ အပေါင်းအသင်းများနှင့် စကားပြောမိလျှင်လည်း ရိုဟင်ဂျာဆိုသည်မှာ နိုင်ငံခြားမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ကြားသိရပြန်ရ်ျ ရိုဟင်ဂျာအကြောင်းကို အမှန်တကယ် သိချင်မိခဲ့ပါသည်။ သို့သော်လည်း ကိုယ့်အရေးနှင့်ကိုယ်မို့ ထိုကိစ္စ မလေ့လာနိင်ခဲ့ပါ။
မနေ့တနေ့က မိမိပြုစုနေသော စာတမ်းအတွက် အွန်လိုင်းစာကြည့်တိုက်များသို့ ၀င်ရောက် ဖတ်ရှုရာမှ “Dr. Francis Buchnan, M.D” ရေးသားသော “မြန်မာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းသောဘာသာစကားအချို့၏ ဝေါဟာရကို နှိုင်းယှဉ်လေ့လာခြင်း (A Comperative Vocabulary of Some of the Languages Spoken in the Burma Empire)”ဆိုသည့် စာတမ်းပါ ၁၇၉၉ ခုနှစ်က ပုံနှိပ်ထုပ်ဝေခဲ့သော သုတေသနစာအုပ်ကို အမေရိကန် နိုင်ငံ ဟားဗတ် ကောလိပ် စာကြည့်တိုက်တွင် အမှတ်မထင် တွေ့ခဲ့ပါသည်။ စာပေကိုစိတ်ဝင်စားသူပီပီ မြန်မာနိုင်ငံ၏ဘာသာစကားများ မည်သို့ရှိသည်ကို သိလိုစိတ်ဖြင့် ဖတ်ရှုမိရာမှ ရိုဟင်ဂျာနှင့် သက်ဆိုင်သော အချက်အလက်အချို့ကို တွေ့ရှိခဲ့ပါသည်။
ထိုစာအုပ်တွင်စာရေးဆရာမှ မြန်မာနိုင်ငံ၌ လူမျိုးစုများစွာ မှီတင်းနေထိုင်ကြောင်း၊ မြန်မာလူမျိုးတို့၏ အမူအယာ၊ အပြောအဆို၊ အနေအထိုင်များကို ကွက်ကွက်ကွင်းကွင်း ပေါ်လာစေရန် သရုပ်ဖေါ်ရေးသားထားပါသည်။ ထို့နောက် အနောက်တိုင်းသားများက ဘားမား၊ ဘားမန်း စသဖြင့်ခေါ်သော သူများက သူတို့ကိုသူတို့ (Myanmaw) မြန်မော ဟုခေါ်ကြောင်း၊ ပဲခူးသားတို့က မြန်မာကို ပုမ္မေ(Pummay) ဟု ၄င်း၊ ကရယား(Karaya) (ကယားဟုထင်ပါသည်) တို့က မြန်မာတို့အား ယိုး(ယော) (Yoo) ဟု၎င်း၊ ကူစေး(Cussay) (ကသဲဟုထင်ပါသည်) တို့က မြန်မာတို့အား အဝေါ(Awaw)၊ စော( Shau)၊ ကမော (Kammau) (ကမန်ဟုထင်ပါသည်) ဟု၎င်း၊ ယူနန်တရုတ်တို့က မြန်မာတို့အား လောင်မီးန်(Laumeen)ဟု၎င်း၊ အိုင်ကိုဘတ် (Aykobat) တို့က အန်းဝ(Anwa) ဟု၎င်း ခေါ်ဆိုကြကြောင်း၊ အာရကန် များကို မြန်မောကြီး (Myammaw gyee) ဟု၎င်း၊ တနင်္သာရီသားတို့ကို မူ မြန်မာတို့က ထားဝယ်သား (Dawayza) နှင့် ဘိတ်သား(Byeitza) ဟု၎င်း ခေါ်ဆိုကြကြောင်း ရေးသားထားပါသည်။
တဖန် မြန်မာအင်ပါယာကြီး၏ ဝေါဟာရတွေလေ့လာရသည်မှာ သူ့အတွက်မလွယ်ကူလှကြောင်း၊ လူမျိုးတမျိုးနဲ့တမျိုး ဝေါဟာရ တခုနဲ့တခု နားလည်ရန် မလွယ်ကူကြောင်း၊ ဘာသာစကားများ တခုနှင့်တခု မတူကွဲပြားပုံကို သေချာစွာ သုတေသနလုပ် ပြုစုထားခဲ့ ပါသည်။ ဘာသာစကားများအနေဖြင့် မြန်မာနိုင်ငံတွင်း အဓိက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော ဒေသသုံးစကား ၄ခုရှိကြောင်း၊ ၄င်းတို့မှာ မြန်မာ၊ အာရကန်၊ ယိုး နှင့် တနင်္သာရီ တို့ဖြစ်ကြောင်းဖေါ်ပြပြီး ထို မြန်မာ၊ ရခိုင်၊ တနင်္သာရီ နဲ့ယော စကားအသုံးအနှုန်းများကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ထိုအထဲမှ အချို့မှာ
English Myanmaw Yakain Tanayntharee Yo
Star Kyee Kyay Kay
Water Yae Ree Rae
Child Loogalay Looshee
Stand Ta Mateinay Mateenahay
Kill That Sot Asatu တို့ဖြစ်ပါသည်။
ထို့နောက်တွင် (အောက်ပါတို့မှာ စာရေးဆရာ၏ မူလစာသားများအား မိမိအနေဖြင့် တတ်စွမ်းသမျှ ဘာသာပြန် တင်ပြပေးခြင်း ဖြစ်ပါသည်။)
“The proper natives of Arakan, call themselves Yakain which name is also commonly given to them by the Burmas. By the people of Pegu they are named Takain. By the Bangal Hindus, at least by such of them have been settled in Arakan, the country is called Rossawn. The Mohammedans settled at Arakan call the country Rovingaw, the Persians call it Rekan.”
အာရကန်ဒေသမှ အတည်တကျနေထိုင်သူများသည် မြန်မာများက ခြုံငုံ ခေါ်ဆိုသကဲ့သို့ပင် သူတို့ကိုယ်သူတို့ ရခိုင်ဟုဆိုကြသည်။ ထိုသူများ ကိုပဲခူးသားများက တခိုင်ဟု၎င်း၊ အာရကန်ဒေသတွင်း အခြေတကျနေထိုင်လျှက်ရှိသော ဘန်ဂေါလ် ဟိန္ဒူတို့က ရိုစောင် နိုင်ငံဟု၎င်း၊ အာရကန်ဒေသတွင်း အခြေတကျနေထိုင်ကြသော မွတ်စလင်တို့က ရိုဝင်ဂေါ နိုင်ငံဟု၎င်း၊ ပါရှန်တို့က ရကန် ဟု၎င်း ခေါ်ဆိုကြသည်။
“I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation.”
စာရေးသူအနေဖြင့် မြန်မာနိုင်ငံတော်ကြီးအတွင်းသုံးနှုန်းသော ဟိန္ဒူလူမျိုးများမှသက်ဆင်းလာသည်ဟုထင်ရှားမြင်သာသော ဒေသသုံးစကား ၃မျိုး ကိုတင်ပြပါမည်။
“The first is that spoken by the Mohammedans, who have been long settled in Arakan, and who called themselves Rooinga, or natives of Arakan.”
ပထမဆုံး အာရကန်ဒေသတွင် ကြာမြင့်စွာအခြေတကျနေထိုင်လျှက်ရှိသော၊ သူတို့ကိုယ်သူတို့ ရိုအင်ဂါ (သို့) ဌာနေအာရကန် ဟုခေါ်ဆိုသော မိုဟာမေဒင်များရဲ့ စကားကို တင်ပြပါမည်။
“The second dialect is that spoken by the Hindus of Arakan. They called themselves Rossawn.”
ဒုတိယအနေနဲ့ အာရကန်ဒေသနေ သူတို့ကိုယ်သူတို့ ရိုစောင်ဟုခေါ်သော ဟိန္ဒူနွယ်ဝင်များရဲ့ စကားကိုတင်ပြပါမည်။
“The last dialect of Hindustanee which I shall mention is that of a people called by the Burmas Aykobat, they called themselves Banga, many of whom are slaves at Amarapura. Formerly they had kings of their own, but their kingdom had been overturned by the king of Munnypura. Then was taken last by the Burmas and were brought to Ava. Banga was seven days journey south west from Munnypura; it must, therefore, be on the frontiers of Bengal, and may, perhaps, be the country called in our maps Cashar.”
နောက်ဆုံးအနေဖြင့် ဟိန္ဒူ မှဆင်းသက်လာတဲ့စကားကတော့ မြန်မာများက အေကိုဘတ် ဟုခေါ်ပြီး သူတို့ကိုယ်သူတို့ ဘင်္ဂ ဟုခေါ်သည့် သူတို့၏စကားဖြစ်ပါသည်။ ထိုသူများမှာ တချိန်က ကိုယ့်မင်းကိုယ့်ချင်းနှင့်နေထိုင်ခဲ့ရာမှ ၄င်းတို့ကို မဏိပူရမှ သိမ်းပိုက်ခဲ့ပြီးထိုမှတဆင့် မြန်မာတို့က သိမ်းပိုက်ကာ အင်းဝထိ ကျွန်အဖြစ်ခေါ်ဆောင်ခံလာရသူများဖြစ်ပါသည်။ ဘင်္ဂဒေသသည် မဏိပူရ၏အနောက်တောင်ဘက် တွင်ရှိပြီး (၇) ရက်ခရီးစာသာရှိသော၊ စာရေးသူ၏မြေပုံအရ ကချာဟုခေါ်သော ဘင်္ဂလားပြည်၏ အရှေ့ဘက်စွန်းဒေသဖြစ်ပါသည်။ ဟုရေးသားထားပါသည်။
ထို့ပြင် ရိုဟင်ဂါ၊ ရိုစောင် နဲ့ ဘင်္ဂ စကားအသုံးအနှုန်းများကို နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ ထိုအထဲမှ အချို့မှာ
English Rooinga Rossawn Banga
Sleep Layrow Needsara Hooleek
Sun Bel Sooja Bayllee
Moon Sawn Sundsa Satkan တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်သည် တခေတ်တခါက ဒေသတွင်း၌ Mighty Empire အဖြစ် အလွန်ကျော်ကြားခဲ့ပါသည်။ ထိုသို့ကျော်ကြားခဲ့သော ကြောင့် အနောက်တိုင်း ပညာရှင်များပင် မြန်မာ့အင်ပါယာအကြောင်း တစေ့တစောင်း လာရောက်လေ့လာ ရေးသားပြုစုထားခဲ့ကြပါသည်။ အဆိုပါစာတမ်းကို ရေးသားပြုစုခဲ့သူသည်လည်း ထိုခေတ်ထိုအခါက မြန်မာနိုင်ငံသို့ကိုယ်တိုင် လာရောက်လေ့လာမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်။ သူ၏မှတ်တမ်းကို ၁၇၉၉ တွင်မှ စတင်ရ်ျသုတေသနပြု ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဟားဗတ်ကောလိပ်အပါအ၀င် ကမ္ဘာ့ နာမည်ကြီး တက္ကသိုလ်၊ ကောလိပ်များ၏ Library များတွင် တွေ့ရှိနိုင်ပါသည်။
၁၇၉၉ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား (၁ရ၈၂-၁၈၁၉) မှ အမရပူရ နေပြည်တော်ကို ဗဟိုပြု မင်းလုပ် အုပ်ချုပ်နေသော တတိယမြန်မာအင်ပါယာ အချိန်ဖြစ်ပါသည်။ စာရေးဆရာ၏ ရေးသားချက် “the Mohammedans, who have been long settled in Arakan, and who called themselves Rooinga, or natives of Arakan.” အရပင် ရိုဟင်ဂျာသည် ၁ရ၉၉ (စာအုပ်ထုတ်ဝေသည့်နှစ်) မတိုင်မီကပင် အာရကန်ဒေသအတွင်း ကာလကြာမြင့်စွာ အခြေတကျ နေထိုင်လာသူများ ဖြစ်ကြောင်း၊ ထိုသူတို့မှာ ကိုယ်ပိုင်စကားပင်ရှိကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ထိုစဉ်အခါက မြန်မာအင်ပါယာသို့ လာရောက်ခဲ့ကြပြီး ဒတ်ခ်ျနှင့် ပြင်သစ်တို့ကလည်း ၄င်းတို့ဘာသာစကားဖြင့် ရခိုင်ဒေသတွင်နေထိုင်သူတို့အကြောင်း မှတ်တမ်းများ ပြုစုထားခဲ့သည်များကို ရှာဖွေတွေ့ရှိရပါသည်။
မှတ်ချက်။ ။Facebook တွင်မျှဝေခြင်း ခွင့်မပြု။)))

Tuesday, January 27, 2015

ဆီးကျောက်တည်ရောဂါအတွက် သဘာ၀ဆေးနည်း

 မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။

ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာ၀ဆေးနည်းကောင်းတစ်ခုကို မျှေ၀ပေးလိုက်ပါသည်။

ဆေးနည်း(၁)

(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခြံခြါပါ။

(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။

(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ္ထားပါ။

(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။

ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။

ဆေးနည်း(၂)

သိနေ္ဓာ+ဆားပုပ်+ဇ၀က္သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက်ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။

ဆီးကျောက်တည်ခြင်းေ၀ဒနာကို ခံစားနေရသောေ၀ဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။

ရောဂါေ၀ဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

Monday, January 26, 2015

ဒီလို လူ (၁၀)မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ

ဒီလို လူ (၁၀)မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ
============================

( ၁ ) ကိုယ် တစ်ကယ် ချစ်တဲ့သူကို တွေ့ခဲ့ရင်
သူနဲ့ ဘ၀တစ်လျှေက်လုံး လက်တွဲသွားဖို့
အခွင့်အရေး ရအောင်ကြိုးစားပါ ။

ဘာကြောင့်လဲ ဆိုတော့ သူ ထွက်သွားတဲ့အခါ
အရာအားလုံး နောက်ကျသွားပါလိမ့်မယ် ။

( ၂ ) ကိုယ် တစ်ကယ် ယုံကြည်ရတဲ့
သူငယ်ချင်းကို တွေ့ခဲ့ရင်
သူနဲ့အဆင်ပြေပြေ ကောင်းကောင်း မွန်မွန် ဆက်ဆံသွားပါ ။

ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာ
သူငယ်ချင်း အစစ်တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ ။

( ၃ ) ကိုယ့်ကို တစ်ချိန်တုန်းက
ကူညီပေးခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင်
သူ့ကို ကောင်းကောင်း ကျေးဇူးတင်ပါ ။

ဘာဖြစ်လို့လဲဆိုတော့ သူဟာ
ကိုယ့်ဘ၀ရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့လို့ပါဘဲ ။

( ၄ ) ကိုယ် တစ်ချိန်တုန်းက
ချစ်ခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင်
သူ့ကို ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ဖို့မမေ့ပါနဲ့ ။

ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကို
အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ ။

( ၅ ) ကိုယ့်ကို တစ်ချိန်တုန်းက
မုန်းတီးခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင်
ပြုံးပြုံးလေးနဲ့ သူ့ကို နှုတ်ဆက်လိုက်ပါ ။

ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်
ကိုယ်က ပိုပြီး သတ္တိ ရှိလာခဲ့တယ် ။

( ၆ ) ကိုယ့်ကို တစ်ချိန်တုန်းက
သစ္စာဖောက်ခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင်
သူနဲ့ အေးအေးဆေးဆေး စကားစမြည်ပြောလိုက်ပါ ။

ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင်
ကိုယ်လည်း လောကအကြောင်းကို သိလာမှာ မဟုတ်ဘူး ။

( ၇ ) ကိုယ် တစ်ချိန်တုန်းက
တိတ်တခိုးချစ်ခဲ့ ဖူးတဲ့ သူကို တွေ့ခဲ့ရင်
သူ့ကို ပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ ။

ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကို တိတ်တခိုးချစ်ခဲ့တုန်းက
သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာ မဟုတ်လား ။

( ၈ ) ကိုယ့်ဘ၀ထဲကနေ ထွက်သွားခဲ့တဲ့ သူကို တွေ့ခဲ့ရင်
သူ ကိုယ့်ဘ၀ထဲ ၀င်ခဲ့တာကို ကျေးဇူးတင်လိုက်ပါ ။

ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ဘ၀ရဲ့
ပျော်ရွင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်လေ ။

( ၉ ) ကိုယ့်ကိုတစ်ချိန်က
အထင်လွဲခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင်
အချိန်မှီ ဖြေရှင်းချက် ပေးလိုက်ပါ ။

ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင် ဖြေရှင်းပေးဖို့
အခွင့်အရေးက တစ်ခါဘဲ ရှိနိုင်လို့ပါ ။

( ၁၀ ) ယခု ကိုယ်နဲ့ ဘ၀တစ်လျှောက်လုံး
လက်တွဲသွားမယ့်သူကို တွေ့ရင်
သူ ကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို
ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ ။

ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ယောက်လုံး
ပျော်ရွင်မှု နဲ အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ ။