Monday, January 26, 2015

မိန်းကလေးတွေကိုဆွဲဆောင်နည်း


ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းများ*

၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက်၊ ပြန်ဖမ်းဖို့မမေ့ပါနဲ့ )။

၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) လေးပေးပါ)။

၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။

၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင်
ကလိထိုး၍ရယ်ခိုင်းပါ...အဲဒါမှမရီသေးဘူးဆိုလျှင်.........)။

၅- သူမ အပေါ်အလေးအနက်ထားပါ၊လေးစားပါ( လေးစားခြင်းဟာ သုံးစားမရသောကြောင့်ဖြစ်သည်၊
ဟန်ဆောင်ပန်ဆောင်လေးပေါ့)။

၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး
စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ....ဒါမှမဟုတ် မြန်မာငွေလဲပါ)။

၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $
မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ မိန်းကလေးများ ရှက်လျှင်
အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။

၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ
ဖြစ်နေရမည်.....အဆင်ပြေ၀ါးပါကျွေးပလိုက်..သူသာစားတယ်ဆို၇င်ပေါ့်)။

၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊
ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။

၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( ဒေါက်ကလေးဆောင်ထားပါ
ထောက်ခံပေးလို့၇တာပေါ့)။

၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊
မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု ကြွေးကျော်ပါ။(
တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းဖြစ်ပါသည်..

No comments:

Post a Comment