ယောကျာ်းလေးတယောက်အတွက်
အလိုအပ်ဆုံးက ပိုက်ဆံရှာတတ်ယုံပဲ မဟုတ်ပါဘူး။
မိန်းကလေး တယောက်အတွက် အလိုအပ်ဆုံးကလည်း မိန်းကလေးဆန်ဆန် အိမ်အလုပ်ဘဲ လုပ်တတ်ဖို့ဘဲ မဟုတ်ပါဘူး။
ဘဝဆိုတဲ့လမ်းက အရှည်ကြီးပါ။ မတူညီတဲ့ ဘဝ(၂)ခုကို ပေါင်းစပ်တဲ့အတွက် မတူညီမှုတွေ အများကြီးရှိမှာပဲ။
အိမ်မက်တခု မက်သလို ကိုယ်လိုချင်တာတွေကိုပဲ အမြဲထည့်မက်နေလို့ မရနိုင်ဘူး။ တွေးထားမိတဲ့ အခက်ခဲကော မထင်မှတ်ထားတဲ့ အခက်ခဲကော အများကြီး ကြုံလာနိုပါတယ်။ အခက်ခဲတွေ ကြုံလာမှ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေမယ်ဆိုရင် ဒါတွေက အရင်က ကိုယ်အရမ်းမျှော်လင့်ထားတဲ့ ဘဝလားဆိုပြီး နောင်တရလာမှာ အမှန်ကန်ပဲ။
ဒါသူ့အလုပ်၊ ကိုယ့်အလုပ်၊ ခွဲခြားနေမယ့်အစား တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကိုယ်စီနဲ့ အခြေခံပြီး ဘဝကိုတည်ဆောက်မယ်ဆိုရင် ချစ်သူဘဝထဲက မျှော်လင့်ထားတဲ့ ဘဝအိမ်လေးဆီကို ၂ယောက် အတွဲညီညီ လက်တွဲမဖြုတ်တမ်း လျှောက်လှမ်းနိုင်မှာ အသေချာပါဘဲ။

No comments:
Post a Comment