Monday, January 26, 2015

ဆယ်ကျော်သက် စုံတွဲများ သိစေရန်(ကောင်လေးနဲ့ကောင်မလေးတို့ အချစ်)


ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …..:)


ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ကြိုးစားပါ။
ဘဝတလျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ဆုံတဲ့အခါ သူ့ကျေးဇူးကိုမှတ်ထားပါ။
သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကိုပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကိုအဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘဝမှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူနင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘဝမှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

No comments:

Post a Comment