Thursday, October 22, 2020

မင်းအောင်လှိုင်ကသမ္မတ ဦးသန်းဌေးက လွှတ်တော်ဥက္ကဌ ဦးသိန်းစိန်က အတိုင်ပင်ခံ

 စစ်အာဏာရှင်တေ တစ်ကယ်ကြောက်နေတာက...

NLD ပါတီအစိုးရဖြစ်ပြီး NLD ကလူသမ္မတဖြစ်နေသရွှေ့ တပ်ချုပ်အပြောင်းအလဲမလုပ်ဘူး


အကြောင်းမှာ တပ်ချုပ်အပြောင်းအလဲဖြစ်၍ နောက်တပ်ချုပ်အသစ်တင်သော်  သမ္မတကလက်မှတ်ထိုးအတည်ပြုပေးမှ တရားဝင်ဖြစ်မယ် စစ်တပ်ဟာ ဒီအဖြစ်ကိုအရောက်မခံနိုင်ဘူး  သူတို့စိတ်နဲ့နှိုင်းပြီးတော့ပေါ့  


တပ်ချုပ်အသစ်တင်တယ် NLD သမ္မတကလက်မခံဘူး မကြိုက်ဘူး နောက်ထပ်တင်တယ် လက်မှတ်ထိုးမပေးဘူးဆိုရင် အတော်ဂွက်ကျမှာပါ


NLD သမ္မတက လက်ခံသဘောကျ အတည်ပြုလက်မှတ်ထိုးသူဖြစ်ပြန်တော့  အခြေခံဥပဒေကို ဒီကာချုပ်ပါဝါနဲ့ထောက်ထားတာ  ကာချုပ်က NLD သမ္မတလူဖြစ်ဖို့မလိုလားနိုင်ပါဘူး  ဖြစ်လာခဲ့ရင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာလဲလုံးဝချောမွေ့သွားပါလိပ်  ဒီအဖြစ်ကိုအဖြစ်ခံနိုင်မလားဗျာ  


အခြေခံဥပဒေက တိုင်းပြည်အတွက်အကြပ်အတည်းဖြစ်သလို အချို့အချက်တွေမှာ စစ်တပ်အတွက်အကြပ်တည်းလဲဖြစ်ပါတယ် သူလဲဒီဘေးကမလွတ်ပါဘူး 


ဆိုတော့ အခု ကာချုပ်မင်းအောင်လှိုင်က သမ္မတလုပ်မယ်  သူသမ္မတဖြစ်မှ နောက်ကာချုပ်အသစ်စိတ်ကြိုက်လက်မှတ်ထိုးခန့်မယ် ဒီသဘောကို သူတို့လိုချင်နေတယ်


အတိအကျမဟုတ်ပေမဲ့ ကျနော်တို့ရမ်းသမ်းခန့်မှန်းတာကတော့ လာမဲရွေးကောက်ပွဲမှာ သူတို့ကြံ့ဖွတ်အစိုးရဖွဲ့နိုင်လောက်အောင်အနိုင်ရခဲ့သော်  မင်းအောင်လှိုင်ကသမ္မတ ဦးသန်းဌေးက လွှတ်တော်ဥက္ကဌ ဦးသိန်းစိန်က အတိုင်ပင်ခံ 


ဒီလို လိုလားတဲ့သဘောမှာရှိတယ်


ဆိုတော့ ကာချုပ်ရဲ့အသက်ကလဲထောက်လာပြီ အခုကိုပင်စင်ထက်ကျော်လုပ်နေရတာ  ကာချုပ်အသစ်ကခန့်ဖို့ရှိနေချိန်မှာ  NLD မဲနိုင်ပြီး NLD သမ္မတဖြစ်တုန်း ကာချုပ်အပြောင်းအလဲမလုပ်လိုတော့  လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နိုင်လို့မဖြစ်ဘူးဆိုတဲ့သဘောကတော့ သူတို့ထုတ်မပြောလဲ ခန့်မှန်းမိကြမှာပါ


သမ္မတရဲ့ပါဝါက ကာချုပ်ကိုခန့်နိုင်သလို  တရားသူကြီးချုပ် ရှေ့နေချုပ်တို့ကိုလဲ အတည်ပြုခြင်း ငြင်းပယ်ခြင်းလုပ်လို့ရတယ်


တရားသူကြီးချုပ်နဲ့ရှေ့နေချုပ်သက်တမ်းဟာ အသက်၇၅ နှစ်အထိလို့ရှိတော့ စစ်အစိုးရလက်ထပ်ကထဲကခန့်ခဲ့တဲ့ တရားသူကြီးချုပ်နဲ့ရှေ့နေချုပ်အသက်ကလဲနောက်အစိုးရသက်တမ်းတွေလောက်မှာ ကုန်ဆုံးပြီး အသစ်ခန့်ရတော့မှာမို့ ဒါကလဲ ထိုဘက်အစုအဖွဲ့အတွက်တွေးစရာပဲ


တပ်ချုပ်တင်မက တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကိုပါ NLD သမ္မတကစိတ်ကြိုက်လက်မှတ်ထိုးခန့်ရင် တွေးကြည့်လေ


ဆိုတော့ သမ္မတနေရာ သမ္မတလက်မှတ်ဟာ နိုင်ငံရေးနေရာအတွက်အရမ်းအရေးပါနေတာကို အများပြည်သူသတိထားကြည့်ကြပါ


သမ္မတကို လွှတ်တော်ကမဲပေးရွေးတယ်  သမ္မတက အစိုးရအဖွဲ့ ဝန်ကြီး ဝန်ကြီးချုပ်များကို စိတ်ကြိုက်ခန့်အပ်ပြီးအစိုးရဖွဲ့တာအပြင်  အထက်ကတင်ပြသလို ပါဝါရာထူးတွေဟာလဲ သမ္မတအတည်ပြုမှဖြစ်တာမို့  နောက်တက်မဲ့ကာချုပ်အသစ်အပြောင်းအလဲဟာ ဒီသမ္မတဘယ်အုပ်စုဘက်ကဖြစ်မလဲဆိုတဲ့အပေါ်မူတည်နေပါတယ်


နောက်ဆုံးအချုပ်တော့ပြည်သူသာအဓိကပါ ပြည်သူ့မဲကိုအခြေခံပြီး လွှတ်တော်ထဲရောက်တယ်  အဲ့ဒီလွှတ်တော်အမတ်တွေကမှ သမ္မတရွေးတာဆိုတော့ ပြည်သူတွေဘယ်သူ ဘယ်ဘက်ကိုမဲပေးမလဲဆိုတာက ဒီအချိန်မှာအသက်တမျှကိုအရေးပါနေပြီဖြစ်ကြောင်း ပြည်သူအချင်းချင်း ဆွေးနွေးမျှဝေရကြောင်းပါ။


လာမဲ့ရွေးကောက်ပွဲ ၂ ကြိမ် အစိုးရသက်တမ်း ၂ ခုလောက် ပြည်သူက NLD ကိုသာမဲဝိုင်းပေးလိုက်ရင်  အထက်ကတင်ပြသလို သမ္မတပါဝါ သမ္မတလက်မှတ်တစ်ချက်နဲ့တင် စစ်အာဏာရှင်မျိုးဆက်ပြတ်တယ် 


ဒါကိုပြည်သူလူထုသိစေချင်လိုက်တာဗျ


Credit ... မူရင်း

No comments:

Post a Comment