Friday, October 23, 2020

ကိုယ့်မီးကိုယ်မွှေးကြပြီးတော့ ကြားထဲကအဆဲခံရတာကNLD

 🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

#သူရှင်းလင်းရေးပြထားတာလည်း

#စိတ်ဝင်စားစရာ


(မင်းတို့ငြင်းလို့မရဘူး)👈👈

👇🏾👇🏾👇🏾👇🏾👇🏾👇🏾👇🏾👇🏾

👉ရခိုင်တွေကAAကိုထောက်ခံတယ်..

👉မဘသတွေအမျိုးချစ်တွေက တပ်ကိုထောက်ခံတယ်..

👉တပ်ကိုထောက်ခံတဲ့ မဘသတွေအမျိုးချစ်တွေက ရခိုင်ကိုမကြာခဏသွားရောက်ပြီး ရခိုင်တွေနဲ့ လည်ပင်းဖက်ပေါင်းတယ် မြှောက်ပေးတယ်..


👉ရခိုင်တွေကလည်း မဘသကိုထောက်ခံတယ်..

ရခိုင်တွေနဲ့ မဘသအမျိုးချစ်တို့ လည်ပင်းဖက်ပေါင်းနေချိန်မှာပဲ......

👉ရခိုင်တွေထောက်ခံတဲ့AAက

မဘသတွေထောက်ခံတဲ့တပ်ကိုဝင်တိုက်တယ်..


👉ကိုယ့်မီးကိုယ်မွှေးကြပြီးတော့ ကြားထဲကအဆဲခံရတာကNLD. 👺👺


👉ရခိုင်တွေကဦးအေးမောင်ကိုထောက်ခံတယ်..

👉ဦးအေးမောင်ကိုကြံ့ဖွတ်ကလူရာသွင်းပြီးမြှောက်ပင့်ပေးတယ်..

👉နာမည်ကြီးလာတဲ့အေးမောင်က ရခိုင်ပြည်နယ်ခွဲထွက်ရေးကိုကြိုးပမ်းလာတယ်..


👉ကိုယ့်မီးကိုယ်မွှေးကြပြီးတော့.....ကြားထဲကအဆဲခံရတာကဒေါ်အောင်ဆန်းစုကြည်..👺👺👺


👉စစ်အာဏာရှင်ကရခိုင်ပြည်နယ်ကို.....

👉နိုင်ငံရေးအသုံးချလို့ရတဲ့ပြည်နယ်ဖြစ်အောင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးပြည်နယ်အဖြစ်ပစ်ထားခဲ့တယ်..

👉လူရာသွင်းမခံရဘဲ ဖွံဖြိုးမှုအနိမ့်ဆုံးပြည်နယ်အဖြစ်နေခဲ့ရတဲ့

 ရခိုင်တွေက စစ်အာဏာရှင်ရဲ့  မျိုးဆက်ခေါင်းဆောင်တွေကိုတော့ လေးစားအားကိုးပြန်တယ်..

👉လူရာမသွင်းခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ မျိုးဆက်တွေကို ဆီပုလင်းခါးချိတ်ပြီး ချစ်ခဲ့ကြတယ်..


👉ပလူးပလဲနဲ့ချစ်နေကြပြီးတော့ ပထွေးနဲ့သားတွေကြားမှာပြသနာတက်လာရင်တော့....ကြားထဲကအဆဲခံရတာကဗမာတွေ..


👉အေးမောင်နဲ့ဝေဟင်အောင်ကသူပုန်AAထောက်ခံတယ်..

👉မအလနဲ့မိသားစုကရခိုင်ကိုရောက်တိုင်း AAအမာခံအေးမောင်နဲ့ဝေဟင်အောင်ကို တွေ့ဆုံအားပေးတယ်.....

👉မအလကအေးမောင်ကို နေပြည်တော်မှာအထိ တလေးတစ်စားလက်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ်လုံခြုံရေး အစီအမံတွေတိုင်ပင်ဆွေးနွေးတယ်..

👉မအလနဲ့မိသားစုက တစ်လေးတစ်စားroleတင်ပေးနေတဲ့

အေးမောင်နဲ့ဝေဟင်အောင်က

ရခိုင်ပြည်သူတွေကို AAကိုထောက်ခံကြဖို့စည်းရုံးတယ်..


👉မအလတို့ တစ်လေးတစ်စားrollတင်ပေးခဲ့တဲ့ အေးမောင်ရဲ့စည်းရုံးမှုကြောင့်AAကအင်အားကြီးမားလာတယ်....

       လူလက်နတ်အင်အားကြီးလာတဲ့AAက စစ်ကြောင်းတွေ ရဲကင်းတွေကို တစ်ဂျိမ်းဂျိမ်းဝင်တိုက်လာတယ်....

ရဲဘော်တွေအများအပြားကျဆုံးရတယ်..


👉သူတို့ဘာသာသူတို့ အေးမောင်တို့ဝေဟင်အောင်တို့ကို မြှောက်စား rollတင်ပေးခဲ့ကြပြီးတော့....ရဲဘော်တွေကျဆုံးရတဲ့အခါမှာ ကြားထဲကသောက်ပြစ်အတင်ခံရတာက အစိုးရ..👺👺👺


တစ်ကယ်တော့....

👉ရခိုင်တွေရယ်..

👉ရခိုင်တွေချစ်ကြတဲ့AAရယ်..

👉ရခိုင်တွေစီကို ဂဒီးဂဒီးသွားပြီး မြှောက်ပေးခဲ့ကြတဲ့ မဘသအမျိုးသားရေးအဖွဲ့တွေ့ရယ်..

👉ရခိုင်တွေထောက်ခံတဲ့အေးမောင်ရယ်..

👉အေးမောင်ကိုမြှောက်စားပေးခဲ့တဲ့ကြံ့ဖွတ်ရယ်..

👉အေးမောင်ကထောက်ခံတဲ့AAရယ်..

👉အေးမောင်ကို တစ်လေးတစ်စား rollတင်ပေးခဲ့တဲ့ ကာပုတို့ရယ်ကြောင့်ပဲ.....


👉သူ့ဟာသူ တိုင်တွေပတ်ပြီး

discလည်နေတာ..😂😂


ကြားထဲမှာမဆီမဆိုင်အသက်ပေးနေရတာက.....

👉ရဲဘော်တွေ..

မဆီမဆိုင်အဆဲခံနေရတာက.....

👉ဗမာတွေ..

မဆီမဆိုင်အပြစ်ပြောခံနေရတာက .....


👉သူတို့ကြားထဲမှာ ကျန်တဲ့ငထွားသန်းငါးဆယ်က မဆီမဆိုင်ခါးနာရတာ..👺👺👺


👉ဗမာတွေကြောင့်..

👉ဒေါ်အောင်ဆန်းစုကြည်ကြောင့်..

👉NLDကြောင့်ဆိုတဲ့အကြောင်းတရား တစ်ခုမှမပါဘူး..


Shin Thant Maung 


T. T. 🇺🇸


Thursday, October 22, 2020

မင်းအောင်လှိုင်ကသမ္မတ ဦးသန်းဌေးက လွှတ်တော်ဥက္ကဌ ဦးသိန်းစိန်က အတိုင်ပင်ခံ

 စစ်အာဏာရှင်တေ တစ်ကယ်ကြောက်နေတာက...

NLD ပါတီအစိုးရဖြစ်ပြီး NLD ကလူသမ္မတဖြစ်နေသရွှေ့ တပ်ချုပ်အပြောင်းအလဲမလုပ်ဘူး


အကြောင်းမှာ တပ်ချုပ်အပြောင်းအလဲဖြစ်၍ နောက်တပ်ချုပ်အသစ်တင်သော်  သမ္မတကလက်မှတ်ထိုးအတည်ပြုပေးမှ တရားဝင်ဖြစ်မယ် စစ်တပ်ဟာ ဒီအဖြစ်ကိုအရောက်မခံနိုင်ဘူး  သူတို့စိတ်နဲ့နှိုင်းပြီးတော့ပေါ့  


တပ်ချုပ်အသစ်တင်တယ် NLD သမ္မတကလက်မခံဘူး မကြိုက်ဘူး နောက်ထပ်တင်တယ် လက်မှတ်ထိုးမပေးဘူးဆိုရင် အတော်ဂွက်ကျမှာပါ


NLD သမ္မတက လက်ခံသဘောကျ အတည်ပြုလက်မှတ်ထိုးသူဖြစ်ပြန်တော့  အခြေခံဥပဒေကို ဒီကာချုပ်ပါဝါနဲ့ထောက်ထားတာ  ကာချုပ်က NLD သမ္မတလူဖြစ်ဖို့မလိုလားနိုင်ပါဘူး  ဖြစ်လာခဲ့ရင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာလဲလုံးဝချောမွေ့သွားပါလိပ်  ဒီအဖြစ်ကိုအဖြစ်ခံနိုင်မလားဗျာ  


အခြေခံဥပဒေက တိုင်းပြည်အတွက်အကြပ်အတည်းဖြစ်သလို အချို့အချက်တွေမှာ စစ်တပ်အတွက်အကြပ်တည်းလဲဖြစ်ပါတယ် သူလဲဒီဘေးကမလွတ်ပါဘူး 


ဆိုတော့ အခု ကာချုပ်မင်းအောင်လှိုင်က သမ္မတလုပ်မယ်  သူသမ္မတဖြစ်မှ နောက်ကာချုပ်အသစ်စိတ်ကြိုက်လက်မှတ်ထိုးခန့်မယ် ဒီသဘောကို သူတို့လိုချင်နေတယ်


အတိအကျမဟုတ်ပေမဲ့ ကျနော်တို့ရမ်းသမ်းခန့်မှန်းတာကတော့ လာမဲရွေးကောက်ပွဲမှာ သူတို့ကြံ့ဖွတ်အစိုးရဖွဲ့နိုင်လောက်အောင်အနိုင်ရခဲ့သော်  မင်းအောင်လှိုင်ကသမ္မတ ဦးသန်းဌေးက လွှတ်တော်ဥက္ကဌ ဦးသိန်းစိန်က အတိုင်ပင်ခံ 


ဒီလို လိုလားတဲ့သဘောမှာရှိတယ်


ဆိုတော့ ကာချုပ်ရဲ့အသက်ကလဲထောက်လာပြီ အခုကိုပင်စင်ထက်ကျော်လုပ်နေရတာ  ကာချုပ်အသစ်ကခန့်ဖို့ရှိနေချိန်မှာ  NLD မဲနိုင်ပြီး NLD သမ္မတဖြစ်တုန်း ကာချုပ်အပြောင်းအလဲမလုပ်လိုတော့  လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နိုင်လို့မဖြစ်ဘူးဆိုတဲ့သဘောကတော့ သူတို့ထုတ်မပြောလဲ ခန့်မှန်းမိကြမှာပါ


သမ္မတရဲ့ပါဝါက ကာချုပ်ကိုခန့်နိုင်သလို  တရားသူကြီးချုပ် ရှေ့နေချုပ်တို့ကိုလဲ အတည်ပြုခြင်း ငြင်းပယ်ခြင်းလုပ်လို့ရတယ်


တရားသူကြီးချုပ်နဲ့ရှေ့နေချုပ်သက်တမ်းဟာ အသက်၇၅ နှစ်အထိလို့ရှိတော့ စစ်အစိုးရလက်ထပ်ကထဲကခန့်ခဲ့တဲ့ တရားသူကြီးချုပ်နဲ့ရှေ့နေချုပ်အသက်ကလဲနောက်အစိုးရသက်တမ်းတွေလောက်မှာ ကုန်ဆုံးပြီး အသစ်ခန့်ရတော့မှာမို့ ဒါကလဲ ထိုဘက်အစုအဖွဲ့အတွက်တွေးစရာပဲ


တပ်ချုပ်တင်မက တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကိုပါ NLD သမ္မတကစိတ်ကြိုက်လက်မှတ်ထိုးခန့်ရင် တွေးကြည့်လေ


ဆိုတော့ သမ္မတနေရာ သမ္မတလက်မှတ်ဟာ နိုင်ငံရေးနေရာအတွက်အရမ်းအရေးပါနေတာကို အများပြည်သူသတိထားကြည့်ကြပါ


သမ္မတကို လွှတ်တော်ကမဲပေးရွေးတယ်  သမ္မတက အစိုးရအဖွဲ့ ဝန်ကြီး ဝန်ကြီးချုပ်များကို စိတ်ကြိုက်ခန့်အပ်ပြီးအစိုးရဖွဲ့တာအပြင်  အထက်ကတင်ပြသလို ပါဝါရာထူးတွေဟာလဲ သမ္မတအတည်ပြုမှဖြစ်တာမို့  နောက်တက်မဲ့ကာချုပ်အသစ်အပြောင်းအလဲဟာ ဒီသမ္မတဘယ်အုပ်စုဘက်ကဖြစ်မလဲဆိုတဲ့အပေါ်မူတည်နေပါတယ်


နောက်ဆုံးအချုပ်တော့ပြည်သူသာအဓိကပါ ပြည်သူ့မဲကိုအခြေခံပြီး လွှတ်တော်ထဲရောက်တယ်  အဲ့ဒီလွှတ်တော်အမတ်တွေကမှ သမ္မတရွေးတာဆိုတော့ ပြည်သူတွေဘယ်သူ ဘယ်ဘက်ကိုမဲပေးမလဲဆိုတာက ဒီအချိန်မှာအသက်တမျှကိုအရေးပါနေပြီဖြစ်ကြောင်း ပြည်သူအချင်းချင်း ဆွေးနွေးမျှဝေရကြောင်းပါ။


လာမဲ့ရွေးကောက်ပွဲ ၂ ကြိမ် အစိုးရသက်တမ်း ၂ ခုလောက် ပြည်သူက NLD ကိုသာမဲဝိုင်းပေးလိုက်ရင်  အထက်ကတင်ပြသလို သမ္မတပါဝါ သမ္မတလက်မှတ်တစ်ချက်နဲ့တင် စစ်အာဏာရှင်မျိုးဆက်ပြတ်တယ် 


ဒါကိုပြည်သူလူထုသိစေချင်လိုက်တာဗျ


Credit ... မူရင်း

Wednesday, October 21, 2020

ကွန်ဒုံးမပါဘဲ ဖာသွားချကြည့်

 ရည်းစား ရှိမှ 

ရင်ခုန် လို့ရတာမဟုတ်ပါဘူး


ကွန်ဒုံးမပါဘဲ ဖာသွားချကြည့်



Ro ပါတယ်ဆိုတဲ့ အတွဲတွေရဲ့

ရင်ခုန်သံထက် ၃ ဆ လောက် ပိုစေရမယ်


သွေးစစ်လို့ positive မဟုတ်ဘူးဆိုရင်

Crush ဆီက အဖြေရတဲ့ကောင်ထက်


၁၀ ဆ လောက် ပိုပျော်ရလိမ့်မယ်


မုန့်ဝယ်ကျွေး စရာမလိုဘူး

ရုပ်ရှင်လိုက်ပြစရာမလိုဘူး

ချော့စရာမလိုဘူး

ရှင်းပြစရာမလိုဘူး

တန်ရာတန်ကြေး ပေးလိုက်ယုံပဲ


လွတ်လပ်တယ်လို့ မခံစားရဘူးလား ?


အမေက အမွေပေးတဲ့ ပစ္စည်းကြောင့်သာ

ယောကျာ်းလို့ ခေါ်နေရတဲ့ ကောင်တွေ 


Sex ကိစ္စ နှင့်

ယောကျာ်းတွေကြားမာ မိန်းမတွေနဲ့ ပတ်သက်ရင်

ငါဟာ ဆရာကြီးပါ ဆိုတဲ့ အချက်နဲ့တော့

မိန်းကလေးတစ်ယောက်ကို ချစ်တယ် သွားမပြောပါနဲ့ကွာ

(ရည်စားမထားပါနဲ့ကွာ)


ဖာ ပဲ သွား ချပါ 

(ကောင်မလေး birthday party 

လုပ်ပေးတာလောက် မကုန်ပါဘူး)

ဒါဆို ဖြူစင်တဲ့ မိန်းကလေးတွေကို 

အပျော်ကြံတဲ့ကောင်တွေထက်

မင်း ယောက်ျားပို ပီသမယ်


သူငယ်ချင်းတစ်ယောက်ရှိတယ်


မင်း စော် (ရည်းစား) နဲ့ပျက်သွားပီဆို 

ဘယ်လောက်ထိ ရလိုက်တုန်းတဲ့ 


ငွေတွေ i phone တွေ မေးတာ မဟုတိဘူး

သူမေးတာ Sex ကိစ္စ


" ငါ လက်လေးတောင် တစ်ခါပဲ ကိုင်ဖူးတာပါကွာ "လို့ ပဲ

ပြောလိုက်တယ် 

(တကယ်လဲ တစ်ခါပဲ ကိုင်ဖူးတယ် )

 " ညံ့ချက် " တဲ့ မျော်လင့်ချက် မဲ့သံနဲ့ ပြန်ပြောသွားဖူးတယ်


 " မိုက်ရှိုင်းလိုက်တာ

ငါ့ရည်းစားသာ မင်းနှမ ဖြစ်ရင် 

ဒီလိုပဲ မင်းမေးမလား " လို့ 

မေးလိုက်ချင်တာ မေးမကောင်းလို့သာ

မျိုသိပ်လိုက်ရတာ


" မင်းလဲ ကောင်မလေးနဲ့ ပျက်သွားပီမို့လား 

ဘယ်လောက်ထိ ရလိုက်တုန်း "လို့ သူ့စကားနဲ့

လက်စားချေ ပြန်မေးကြည့်တော့ 

သူ့မာ ကိုယ်ကျင့်တရား မရှိဘူးထင်လို့

 မေးတာပါလားလို့ မထင်ပဲ

ဆရာကြီး အထာနဲ့ ဂုဏ်ယူစွာ

HD quality နဲ့ vd file တစ်ခု ပို့လာတယ်

တခြားစော်တွေနဲ့လဲ ရှိသေးတယ် 

ကြည့်ချင်ရင် Beer တိုက်ဆိုပဲ


အားလားလား တစ်ဖက်မိန်းကလေး 

ကျွန်တော် အထင်သေးမိသွားတာလောက်ပါပဲ

များများ စားစား ဘာမှ မပါပါဘူး

တွေးကြည့်ပေါ့ 


မိန်းကလေးတွေကလဲ 

ချစ်တယ်ပြော တဲ့ ယောကျာ်း 

ရုပ်ချောလား ပိုက်ဆံ ရှိသလား

Suprise mother fucker တွေဖြစ်အောင်

လုပ်တတ်လားလောက် ကြည့်ပီး

အဖြေ ပြန်မပေးနဲ့


ဖာတောင် ပိုက်ဆံ ရမှ ကွန်ဒုံးသုံးမှ ခေါ်လို့ရတာ

ချစ်တယ် ရော့ လက်ဆောင် လောက်နဲ့ 

ယောကျာ်းတစ်ယောက် တောင်းဆိုသမျှ မလိုက်ရောမိစေနဲ့


ဖာလောက်တောင် သောက်ဆင့် မရှိဖြစ်မယ်


မိန်းကလေးရေ

မင်းရည်းစားကောင်လေးကို

သူ့သူငယ်ချင်းတွေက ဘယ်လောက်ရပီလဲ မေးတဲ့အခါ

" ညံ့ချက်ကွာ " " မင်း အခြောက်လား "

" မြုံနေတာလား " လို့ လှောင်ပြောင်ခံရပါစေ


ဒါဆို မင်း ရည်းစားက 

ယောက်ျား စစ်စစ် ဖြစ်နေတယ် ဆိုတာ သေချာတယ်


 မင်း သူ့ကို ယုံကြည်လို့ရသွားပီ

သံသယလေးတော့ ထားထားပေါ့


ငါအပါအဝင် ဘယ်ကျားမှ 

အသား မရှောင်ဘူး 

ဥပုသ် စောင့်တဲ့သူ နဲ့ မစောင့်တဲ့သူပဲ ကွာမယ်


သတိတော့ ထား....

#credit

Tuesday, October 20, 2020

တပ်ချုပ်၏ မူဝါဒ ၆ ချက် မြဝတီသတင်းစာတွင် ဖော်ပြမှု UEC ကိုယ်တိုင် ကန့်ကွက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ရွေး ချယ်ရေးနှင့် ပတ်သက်၍ ၎င်း၏ မူဝါဒ ၆ ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာတွင် နေ့စဉ် ထည့်သွင်း ဖော်ပြလျက် ရှိသည့် ကိစ္စရပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကိုယ်တိုင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။


UEC က တပ်ချုပ်၏ မူဝါဒ ၆ ချက်ကို မြဝတီ သတင်းစာတွင် ဖော်ပြနေခြင်းသည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ကန့်ကွက်လာသဖြင့် ဖြေ ရှင်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ အတွင်းရေးမှူး ဦးကျော်စွာမင်းက ဧရာဝတီသို့ ပြောသည်။


ဦးကျော်စွာမင်းကမြဝတီသတင်းစာမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Quote (ပြောစကား) အနေနဲ့ ဖော်ပြတာ။ အဲဒါကို ဒါတွေ သည် ရွေးကောက်ပွဲ ဥပဒေအရ ကိုးကားတာပေါ့နော်။ ဒီအပိုဒ်၊ ဒီအပိုဒ်တွေနဲ့ ငြိစွန်းတယ်ဆိုပြီး တိုင်လာတယ်။ အဲဒါကို ကျနော်တို့က တဘက်(တပ်မတော်)ကို တင်ပြတော့ မထည့်တော့ပါဘူးဆိုပြီး အကြောင်း ပြန်ပေးပါတယ်ဟု ပြောသည်။


ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒ ၆ ချက်မှာ နိုင်ငံနှင့် ဒေသကို လက် တွေ့ အကျိုးပြုသူ၊ တရားဥပဒေ စိုးမိုးရေး အမြင်ရှိပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်း စောင့်ရှောက်သူ ဖြစ်ရမည် ဆိုသည့် အချက်တို့ ဖြစ်သည်။


ထို့ပြင် တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာ သနာကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့ အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံ ရသူတို့ကို ရွေးချယ်ရမည်ဟုလည်း ဖော်ပြထားသည်။


တပ်ချုပ်က သြဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်တွင် နိုင်ငံရေးပါတီ ၃၄ ခု၏ ခေါင်းဆောင်များနှင့် တွေ့ ဆုံစဉ် အထက်ပါ အချက် ၆ ချက်နှင့် ပြည်စုံသူ ကိုယ်စားလှယ်လောင်းကိုသာ မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။


တပ်ချုပ်၏ ယင်းအချက် ၆ ချက်ကို သြဂုတ်လ ၁၅ ရက်နေ့ထုတ် တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် နေ့စဉ်ဖော်ပြလျက်ရှိရာ သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ UEC က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။


ကော်မရှင်(UEC)က အခုလို ထောက်ပြတော့ တပ်မတော်ဘက်ကလည်း နောက်ရက်တွေကစပြီး မထည့်ပေးတော့ဘူးဟု ကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။


တပ်ချုပ်၏ ပြောကြားချက်ကို မြဝတီသတင်းစာတွင် နေ့စဉ် ဖော်ပြနေခြင်းသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်ရွေးရာ၌ လိုက်နာရမည့် အချက်များကို တပ်ချုပ်က လက်နက်ကိုင် တပ်ဖွဲ့ ဝင်အားလုံးကို ညွှန်ကြားသည့် သဘော သက်ရောက် သည့်အပြင် မဲဆန္ဒရှင်များကိုလည်း မဲဆွယ်စည်းရုံးသည့် သဘော သက်ရောက်နိုင်သည်ဟု ကော်မရှင်က သုံးသပ် ထားသည်။


ထို့ပြင် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ နှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ၃၆၄ တို့ကို ကိုးကား၍ လူမျိုးရေး၊ ဘာ သာရေး အကြောင်းပြ မဲဆွယ်မှုများ မလုပ်ရန်နှင့် ယင်းအကြောင်းပြချက်များဖြင့် တဖက်နှင့်တဖက် မုန်းတီး၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းများ မဖြစ်စေရန် ကန့်သတ်ထားကြောင်း UEC က သတင်းမီဒီယာ ကောင်စီသို့ ပို့သည့် စာတွင် ရေးသားထားသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်း၏ အဖွဲ့ အစည်းတွင် အကြီးအကဲ တယောက်ဖြစ်၍ လက်အောက်မှ တပ်မတော်သားများ မိသားစုဝင်များကို တိုင်းပြည်နှင့်လူမျိုး အကျိုးကြည့်၍ မှန်မှန်ကန်ကန် မဲပေးရန် ပြောဆိုခြင်းဟု နားလည်ပြီး ပါတီတခုခုကို မဲပေးရန် ပြောဆိုခြင်း မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။


အဲဒါကြီးကို UEC အနေနဲ့ သိပ်ခံစားနေစရာ အကြောင်း မရှိဘူး။ အဲဒါ သူ့အလုပ် မဟုတ်ဘူး။ သူ့အလုပ်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ကျင်းပပေးဖို့ပဲ။ ဟိုလူ လုပ်တယ်။ ဒီလူ လုပ်တယ်လို့ လိုက်ပြောနေဖို့ မဟုတ်ဘူး။ NLD ကို ပေးပါ။ ကြံ့ခိုင်ရေးကို ပေးပါလို့ ပြောရင်တော့ ကန့်ကွက်ပေါ့ဟု ၎င်းက ပြောသည်။


အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၏ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က တပ်ချုပ်၏ ပြောဆိုမှုများသည့် တပ်မတော်နှင့်ဆိုင်သော မူဝါဒဆိုင်ရာ စည်းရုံးရေးတခုဟု မြင်ပြီး ယခုနောက်ပိုင်းတွင် တပ်ချုပ်၏ မိန့်ခွန်းများတွင် ယခုလို ကိစ္စရပ်များ ပါဝင်လာသည်ကို သတိထားမိကြောင်း ပြောသည်။


ဒီဟာက UEC က ထောက်ပြရင် ထောက်စရာ ဖြစ်လာတယ်လို့ ကျနော်က မြင်ပါတယ်။ UEC ရဲ့ သဘောထားနဲ့က အတော်အသင့် ကွဲလွဲနေတယ်။ အဲဒီတော့ ထောက်သင့်ရင် ထောက်စရာလို့ပဲ မြင်ပါတယ်။ အခုကိစ္စကို UEC က ကန့်ကွက်ပေမယ့် အဆင်ပြေသွားတယ်ဆိုရင်တော့ ဝမ်းသာပါတယ်ဟု ၎င်းက ပြောသည်။


ယခု ကိစ္စရပ်နှင့် ပတ်သက်၍ သီးခြား ပြောဆိုရန် မရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။


သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ အပါအဝင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသား စုဝင်များ မည်ကဲ့သို့ မဲပေးရမည်ဆိုသည့်အပေါ် တပ်မတော်အတွင်း ပြောဆိုဆွေးနွေးမှုများ ရှိကြောင်း ၎င်းက ဧရာဝတီသို့ သြဂုတ်လတွင် ပြောဆိုခဲ့ဖူးသည်။


တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး၌ နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ UEC ၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို စာဖြင့် ထပ်ဆင့် ဖြန့် ဝေခြင်း၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆွေးနွေးပွဲများတွင် ပြောဆိုကြခြင်းတို့ ဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲများကို ယခင်ကတည်းကပင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဓိက အားဖြင့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများနှင့် လတ်တလော ဖြစ်ပျက်နေသော ကိစ္စများ (Current Issues) ကို ဆွေးနွေးကြ သည်ဟု သိရသည်။


ယခု လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ ထဲရှိ မဲရုံများလည်း တပ်ပြင်သို့ ထုတ်ပေးထားရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ ကြေ ညာခြင်းနှင့် ပတ်သက်၍လည်း UEC မှာ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ခံနေရသည်။


@The Irrawaddy-Burmese Edition

မှကူးယူဝေမျှဖော်ပြပါသည်။

Sunday, October 18, 2020

ဝန်ကြီးချုပ်မခန့်ခြင်းက မင်းစောက်လုပ် မဟုတ်


 .

တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို ခန့်ခြင်း မခန့်ခြင်းက မင်းစောက်လုပ် မဟုတ်၊


AAကို နိုင်အောင် မတိုက်နိုင်တာ  မင်းစောက်လုပ်

နယ်စပ်ခြံစည်းရိုး ကာကွယ်ဖို့က  မင်းစောက်လုပ်


တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခြင်း 

မဖြစ်ခြင်း ဆိုတာ မင်းစောက်လုပ် မဟုတ်၊


တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့

အပစ်အခတ် ရပ်စဲနိုင်ဖို့က  မင်းစောက်လုပ်


ခြင်းကြား တပ်မတော်ကနေ နိုင်ငံတကာ အဆင့်မှီ

တပ်မတော် တည်ဆောက်ဖို့က မင်းစောက်လုပ်


ပြည်သူရွေးချယ်တဲ့ နိုင်ငံရေးပါတီတွေက

နိုင်ငံတည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့်

ပါဝင်တာ မပါဝင်တာ မင်းစောက်လုပ် မဟုတ်၊


မတရားယူထားတဲ့ ကာကွယ်ရေး ပြည်ထဲရေး

နယ်စပ်ရေးရာ ဆိုတဲ့ ဝန်ကြီးဌာန သုံးခုကို

ပြည်သူ့အစိုးရကို ပြန်အပ်ဖို့က  မင်းစောက်လုပ်


စစ်တန်းလျား ဆိုတဲ့ ကိုယ့်နေရာကိုယ်

အမြီးပြန်ခွေဖို့က  မင်းစောက်လုပ်


ကိုယ့်စောက်လုပ် ကိုယ်သိ

ကိုယ့်စောက်ဆင့် ကိုယ်သိ သားရီး😏


.


#ပင်လယ်ပျော်

Ever Smile

Saturday, October 17, 2020

ထူးဆန်းအံ့ဩဖွယ်ရာများ မြန်မာပြည်တွင်ဖြစ်ပေါ်နေသည်

🙄🙄🙄

တရုတ်ကနေ ကျော်မြင့်ဆီ စီးဆင်းလာတဲ့ ငွေကြေးထောက်ပံ့ရေးလမ်းကြောင်း


 တရုတ်ဒလံကိုဖမ်းတယ်။

ဟော...သူ့တပည့်ကို NLD အမတ်တွေကို ပြန်ဖမ်းခိုင်းလိုက်တယ်။

အခု...တရုတ်ကနေ ကျော်မြင့်ဆီ စီးဆင်းလာတဲ့ ငွေကြေးထောက်ပံ့ရေးလမ်းကြောင်းကို အစိုးရက ဖေါ်လိုက်ပြီ။

အဲ့...အပြန်အလှန်အနေနဲ့ ဟိုး.....နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ကနေ တရုတ်ဘဏ်တွေဆီ စီးဆင်းခဲ့တဲ့ အဘတို့ရဲ့ ငွေကြေး လမ်းကြောင်းကြီးကို ပြန်ဖေါ်လိုက်လို့ကတော့ ......ဟူး........မတွေးဝံ့ဘူး။


အင်းလေ....ဒါကြောင့်လဲ အဘတို့ဆီက တရုတ်ကိုလဲ ကြောက်ရပါတယ်ဆိုတဲ့ ဝန်ခံချက် ထွက်လာတာပေါ့။

သူတို့ဘက်ကကြည့်တော့လဲ ကြောက်စရာကြီးမဟုတ်လား။

အဘတို့ တော့ ..........သနားပါတယ်။

အင်း... 

အနိစ္စ ဒုက္ခ အနတ္တ .....မမြဲခြင်းတရားတွေပါလားနော်..........


Naing Oo

Friday, October 16, 2020

ငွေကြေးခဝါချမှု၊ တရားမဝင်ဝင်ရောက်မှု ဥပဒေတွေနဲ့ UDP ဥက္ကဋ္ဌငြိစွန်း

 မန္တလေးထောင်ကနေ ထွက်ပြေးပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာခဲ့တဲ့ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ကနဦးစစ်ဆေးချက်အရ ငွေကြေးခဝါချမှု ဥပဒေ၊ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်မှု ဥပဒေတွေနဲ့ ငြိစွန်းနေတာကို စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

ဦးကျော်မြင့်ကို စစ်ဆေးချက်နဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ၂၀၁၄ ကနေ ၂၀၂၀ အတွင်း သွင်းကုန်ထုတ်ကုန်လိုင်စင် လျှောက်ထားချက်မရှိဘဲ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း တရားမဝင် တင်သွင်းရောင်းချမှု တွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီဆောင်ရွက်ချက်တွေကြောင့် ဝင်ငွေရလမ်းမဖော်ပြတဲ့ငွေကြေးတွေကို လက်ဝယ်ထားသုံးစွဲမှုနဲ့ ၂၀၁၄ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဦးဇော်ဌေးက ဒီနေ့ သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ဦးကျော်မြင့်ဟာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝန်ထမ်းတွေ၊ ပါတီဝင်တွေကို အတိုးနှုန်းသတ်မှတ်ပြီး ငွေကြေးချေးပေးခဲ့တာတွေရှိပြီး ဒါဟာ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အတွင်း ကျခံရနိုင်သလို ကျပ်သန်း ၅၀၀ ထပ်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ် လို့ ဦးဇော်ဌေး ကပြောပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကြေးပေးခဲ့တာတွေရှိပြီး ဒီအချက်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ၆ (စ)အရ ငြိစွန်းမှုရှိ၊ မရှိ စစ်ဆေးပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီလည်း အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်မှာ ထောင်ကျနေစဉ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကနေတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပြီး ကနေဒါနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြောင်းန့  ၂၀၁၂ မှာ တရုတ်နိုင်ငံကို ရောက်ခဲ့ပြီးနောက် မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်ခဲ့တာ လို့ ပြောပါတယ်။

ကနဦးစစ်ဆေးတွေရှိချက်အရ ဦးကျော်မြင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှု ၂၃ ဘီလီယံရှိတယ်လို့ ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


RFA Burmese